လေယာဉ်ပျောက် ရှာဖွေရေး ဇုန် ပြန်သုံးသပ်ဖို့လို

  • 1 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သြစတြေးလျ လေတပ် ဗိုလ်ချူပ်ကြီးဟောင်း Angus Houston

မလေးရှား လေယာဉ်ပျောက်ကို သြစတြေးလျ တိုက်ရဲ့ အနောက်ဘက် ကမ်းခြေ အလွန် သမုဒ္ဒရာ ရေပြင်ထက် ဇုန်ဧရိယာမှာ ရှာဖွေ နေကြတဲ့ အပေါ် ပြန်လည် သုံးသပ်ဖို့ လိုအပ်လာနိုင်တယ်လို့ ရှာဖွေရေး လုပ်ငန်းစဉ် တွေကို စီမံခန့်ခွဲရာမှာ တာဝန်အရှိဆုံး ဖြစ်တဲ့ သြစတြေးလျ လေတပ် ဗိုလ်ချူပ်ကြီးဟောင်း Angus Houston က ပြောလိုက်ပါတယ်။

အခု အိန္ဒိယ သမုဒ္ဒရာ တောင်ဘက်ခြမ်းက သတ်မှတ်ထားတဲ့ ဇုန်ဧရိယာအတွင်း ရှာဖွေမှုတွေ ပြုလုပ်နေကြတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေဟာ လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ သက်သေခံ ပစ္စည်း ခိုင်ခိုင်မာမာ မတွေ့ကြရသေးတာကြောင့် အခု မလေးရှား လေယာဉ်ပျောက်ကို ရှာဖွေရတဲ့ အလုပ်ဟာ ကြုံဖူးသမျှထဲမှာ စိန်ခေါ်မှုတွေ အများဆုံးပဲလို့ မစ္စတာ Houston က ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၃ ပတ် ကတည်းက ပျောက်ဆုံးခဲ့တဲ့ လေယာဉ်ပျံရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။

ဒီလို အခြေအနေကြောင့် အခု အဓိကထား ရှာဖွေနေကြတဲ့ ပါ့သ်မြို့ အနောက်စူးစူး ကီလိုမီတာ ၂၀၀ကျော်က ရှာဖွေရေးဇုန် နေရာအပေါ် သံသယတွေ ဝင်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ