နေတိုးက ရုရှားနဲ့ ပုံမှန်အတိုင်း ဆက်ဆံဖို့ မဖြစ်နိုင်

  • 1 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုး အထွေထွေ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen

ရုရှား ဖက်ဒရေးရှင်းထဲ ခရိုင်းမီးယား ကျွန်းဆွယ်ကို ထည့်သွင်း လိုက်တာဟာ နေတိုးလို့ ခေါ်တဲ့ မြောက် အတ္တလန္တိတ် မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေ အတွက်တော့ ရုရှားနဲ့ ပုံမှန်အတိုင်း ဆက်ဆံသွားဖို့ မဖြစ်နိုင်တော့တဲ့ အဓိပ္ပာယ်ပဲလို့ နေတို့းရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် အန်ဒါစ် ဖော့ဂ် ရပ်စ်မာဆင်က ပြောကြားလိုက်ပါတယ်။

ရုရှားကို နေတိုးအဖွဲ့ရဲ့ မိတ်ဖက် နိုင်ငံအဖြစ် အသိအမှတ် ပြုထားတဲ့ အခြေခံ မူဝါဒတွေ အပေါ် ရုရှဘက်က အလေးမမူ ဖောက်ဖျက်ခဲ့တယ်လို့ မစ္စတာ ရပ်စ်မာဆင်က ဘရပ်ဆဲလ်မြို့ နေတိုးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံပွဲ မစခင်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နယ်စပ်က ရုရှားတပ်တွေ ရုပ်သိမ်းသွားပြီလား ဆိုတာကိုလည်း သူ့အနေနဲ့ အတည်မပြု နိုင်သေးဘူးလို့ မစ္စတာ ရပ်စ်မာဆင်က ဆိုပါတယ်။

ခရိုင်းမီးယားကို ရုရှား ဖက်ဒရေးရှင်းထဲ ဆွဲသွင်းတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးမြင့်လာတဲ့ နေတိုးအဖွဲ့ဝင် အရှေ့ ဥရောပ နိုင်ငံတွေ အပေါ် ကျန် မဟာမိတ် နိုင်ငံတွေက ဘယ်လောက် အတိုင်းအတာ အထိ အာမခံချက်တွေ ထပ်ပေးရမလဲ ဆိုတာ အပါအဝင် ယူကရိန်း အစိုးရကိုလည်း ဘယ်လို အကူအညီသစ်တွေ ပေးရမလဲ ဆိုတာတွေကို နေတိုး အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ