တိဗက်တွေ အပေါ် နီပေါ အစိုးရ ထိန်းချုပ်မှုတွေ တိုးလုပ်

  • 1 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption နီပေါက တိဗက်အရေး လှုပ်ရှား ဆန္ဒပြမှု မြင်ကွင်း

တရုတ် က ဖိအားပေးမှုကြောင့် နီပေါနိုင်ငံမှာ နေထိုင်နေတဲ့ တိဗက်တွေ အပေါ် နီပေါ အစိုးရ ထိန်းချုပ်မှုတွေ တိုးလုပ်လာနေတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

နိုင်ငံရေး ဆန္ဒပြမှုတွေ ပိတ်ပင် ခံရမှု ၊ သင်းပင်း ဖွဲ့စည်းမှုတွေ အပေါ် ထိန်းချုပ်မှုနဲ့ နီပေါလုံခြုံရေး တပ်ဖွဲ့တွေရဲ့ မတရားပြုကျင့်ခံရမှု တွေနဲ့ တိဗက် ဒုက္ခသည်တွေ ရင်ဆိုင် နေရတယ်လို့လည်း ဆိုပါတယ်။

နီပေါမှာ တိဗက် လူမျိုး နှစ်သောင်းလောက် ခိုလှုံနေကြတာ ဖြစ်ပြီး နီပေါ အစိုးရကတော့ အခု စွပ်စွဲ ပြောဆိုချက်တွေကို ငြင်းပယ် ထားပါတယ်။