ယူကရိန်း ဝယ်ယူတဲ့ ဓာတ်ငွေ့စျေး ရုရှား တိုးမြှင့်

  • 1 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်းက ဓာတ်ငွေ့အကြွေး ၁.၇ ဘီလံကျော် တင်ရှိနေ

ရုရှားရဲ့ စွမ်းအင် ကုမ္မဏီ Gazprom ဟာ ယူကရိန်း နိုင်ငံက ဝယ်ယူနေတဲ့ သူတို့ရဲ့ ဓာတ်ငွေ့ စျေးနှုန်းကို ရာခိုင်နှုန်း ၃၀ ကျော် တိုးမြှင့် လိုက်ပါတယ်။

ယူကရိန်းဘက်က ပေးစရာ ကြွေးကျန်တွေ ရှိနေလို့ ဒီလို စျေးမြှင့်လိုက်တာလို့ Gazprom ရဲ့ အမှုဆောင် အရာရှိချူပ် Alexei Miller က ဆိုပါတယ်။

အခုဆို ယူကရိန်းဟာ ရုရှား အပေါ် ဓာတ်ငွေ့အကြွေး ဒေါ်လာ ၁.၇ ဘီလျံကျော်ဖိုး တင်ရှိနေတယ်လို့လည်း မစ္စတာ Miller က ပြောပါတယ်။

အရင်က ရုရှားရဲ့ ပင်လယ်နက် ရေတပ် အုပ်စုဟာ ခရိုင်းမီးယား ကျွန်းဆွယ်ပေါ်က ဆီဗက်စတိုပိုလ်မြို့ ဆိပ်ကမ်းကို အသုံးပြုခွင့် ရတဲ့အတွက် ရုရှားဘက်က အပြန်အလှန် အနေနဲ့ ယူကရိန်းအပေါ် ဒေါ်လာ သန်း ၁၀၀ ကျော် အကြွေးတွေ လျှော်ပေးမယ့် အစီအစဉ် ရှိခဲ့ပြီး အခုတော့ ဒီအစီအစဉ်ကို ပယ်ဖျက်ဖို့ မနေ့က ရုရှား အောက်လွှတ်တော် ဒူးမာမှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ