ယူကရိန်းနယ်စပ်က ရုရှားခြေလျင်တပ်ရင်း ရုပ်သိမ်းမယ်လို့ဆို

ဓာတ်ပုံ မူပိုင် reuters
Image caption အလုံးအရင်းနဲ့ချထားတဲ့ ရုရှားတပ်တွေ

ရုရှားဟာ စစ်ရေး အင်အား အကြီးအကျယ် တည်ဆောက်နေတယ်လို့ နေတိုးက ပြောနေတဲ့ ယူကရိန်း နယ်စပ်ကနေ ခြေလျင်တပ်ရင်း တရင်းကို ရုပ်သိမ်းမယ်လို့ ရုရှားက ကြေညာလိုက်ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်နဲ့ တယ်လီဖုန်း ပြောဆိုမှုအတွင်း သမ္မတ ပူတင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းအပေါ် သတိကြီးစွာ တုန့်ပြန်မှုတွေ ရှိခဲ့ပြီး အမေရိကန် အပြောအရ ယူကရိန်း နယ်စပ်မှာ ရုရှား စစ်သား သောင်းနဲ့ချီ ချထားဆဲလို့ ဆိုနေသလို ယူကရိန်း ကိုယ်နှိုက် ကလည်း ရုရှား တပ်တွေ ဆုတ်ခွာတဲ့ သတင်းကို ပယ်ချလိုက်ပြီး တပ်တွေ နေရာ ရွေ့ပြောင်းတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား တပ်ရင်း တခုမှာ တပ်ဖွဲ့ဝင် အရေအတွက် သုံးရာ ကနေ တထောင် အထိ ရှိတက်တာ ဖြစ်ပြီး အခု ဆုတ်ခွာမယ်လို့ ပြောနေတဲ့ အရေအတွက် ဘယ်လောက်လဲ ဆိုတာ ကွဲကွဲ ပြားပြား မသိရသေးပါဘူး။