ဗဟို အာဖရိကကို ကူညီဖို့ ဘန်ကီမွန်း ကတိပေး

ဓာတ်ပုံ မူပိုင် AFP
Image caption ဗဟိုအာဖရိက တပ်တွေကို ကူဖို့ အီးယူက တပ်သားတွေ ပို့ထား

ဗဟို အာဖရိက ပြည်သူ့ သမ္မတ နိုင်ငံမှာ ဖြစ်နေတဲ့ အကျပ်အတည်း အရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖြစ်နိုင်သမျှ ဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ကတိပေးတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

အဲဒီမှာ ပြည်သူပြည်သားတွေဟာ ဆိုးရွားလွန်းတဲ့ ရက်စက် ကြမ်းကြုတ်တာတွေနဲ့ ကြုံနေရတယ် လို့လည်း သူ ကပြောပါတယ်။

ဥရောပနဲ့ အာဖရိက ထိပ်သီး ဆွေးနွေးပွဲ အတွင်း သီးခြားဆွေးနွေးပွဲ တစ်ခုမှာ ဗဟိုအာဖရိက ပြည်သူ့သမ္မတ နိုင်ငံ အကျပ်အတည်း အရေးကို ဆွေးနွေးကြဖို့ ရှိပြီး အဲဒီ ဆွေးနွေးပွဲ မတိုင်မီ မစ္စတာ ဘန်ကီမွန်း က ပြောခဲ့တာပါ။

နှစ်ပေါင်းရှည်ကြာ အတူယှဉ်တွဲ နေလာတဲ့ လူ့အသိုင်းအဝိုင်း ၂ ခုကြား သတ်ဖြတ်တာတွေ ဖြစ်နေတာကို အမြန် ရပ်တန့်ဖို့ နိုင်ငံတကာ အနေနဲ့ ဆောင်ရွက်ရမယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက အဲဒီမှာ ခရစ်ယာန် လက်နက်ကိုင်တွေက မွတ်ဆလင်တွေကို တိုက်ခိုက် နေတဲ့အတွက် မွတ်ဆလင် ၁ သောင်း ၇ ထောင်ကို ဘေးလွတ်ရာ ရွှေ့ပေးဖို့ ကြိုးစားနေရတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ