Fort Hood စစ်စခန်းမှာ ပစ်ခတ်မှု ၃ ဦးသေ

  • 3 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption Fort Hood စစ်အခြေစိုက် စခန်းပြ မြေပုံ

အမေရိကန် ပြည်ထောင်စုက အကြီးဆုံး Fort Hood စစ်အခြေစိုက် စခန်းက စစ်သား တစ်ယောက်က သူ့ကိုယ်သူ ပစ်ခတ် အဆုံးစီရင် မသွားခင် စခန်းမှာ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ အတွက် သူ့လုပ်ဖော်ကိုင်ဘက် စစ်သား သုံးယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

အီရတ်မှာ တာဝန်ထမ်းဆောင် ခဲ့ဖူးသူ အဲဒီ စစ်သားဟာ စိုးရိမ်မှု လွန်ကဲပြီး စိတ်ကျရောဂါ အတွက် ဆေးကုသ ခံယူနေရတာ ဖြစ်ပါတယ်။

တက္ကဆပ် စစ်အခြေစိုက် စခန်းက တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Milley က ပြောရာမှာ ဘာကြောင့် ဒီတိုက်ခိုက်မှု လုပ်တယ် ဆိုတာ မသိရသေးပေမယ့် အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ အရိပ် အယောင်တော့ မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် ကလည်း Fort Hood မှာပဲ အမေရိကန် စစ်တပ်က စိတ်ရောဂါ ဆရာဝန် ဗိုလ်မှူး Nidal Hassan က ပစ်ခတ်ခဲ့မှုကြောင့် လူ ၁၃ ယောက် သေဆုံးပြီး လူ ၃၀ ဒဏ်ရာ ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ