လက်ဘနွန်မှာ ဆီးရီးယား ဒုက္ခသည် သန်းကျော်သွား

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ခံထားနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေ

လက်ဘနွန်မှာ ဆီးရီးယား ဒုက္ခသည် တစ်သန်း ကျော်သွားပြီလို့ ကုလသမဂ္ဂ ရဲ့ စာရင်း ဇယားတွေက ဖော်ပြနေပါတယ်။

လက်ဘနွန် လူဦးရေရဲ့ လေးပုံ တစ်ပုံ ရှိတဲ့ အဲဒီ ဒုက္ခသည်တွေထဲမှာ ထက်ဝက်က ကလေးတွေ ဖြစ်ပြီး ဒါဟာ တကယ်ကို ဆိုးရွားလှတဲ့ မှတ်တိုင် တစ်ခုကို ရောက်လာတာပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်ကြောင့် နေ့စဉ် ဒုက္ခသည် နှစ်ထောင့် ငါးရာကျော် ထွက်ပြေးနေကြပြီး အိမ်ရှင် နိုင်ငံတွေ အတွက်လည်း လက်ခံထားနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေပြီလို့ UNHCR က ပြောပါတယ်။

UNHCR မဟာမင်းကြီး Antonio Guterres က ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတာကို လက်ဘနွန်က ကိုင်တွယ် ဆောင်ရွက်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီကြပါလို့ တိုက်တွန်းသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ