လေယာဉ် ရှာဖွေမှု မလေးရှား လက်မလျှော့ ဟုဆို

  • 3 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မလေးရှားနဲ့ သြစတြေးလျ ဝန်ကြီးချုပ် ၂ဦး မီဒီယာနဲ့ တွေ့စဉ်။

သီတင်း ၄ ပတ် နီးပါး ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် ဘာဖြစ်ခဲ့တယ် ဆိုတာ သိအောင်ကြိုးပမ်း ရှာဖွေမှုတွေကို မလေးရှား နိုင်ငံက လက်လျှော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Najib Razak က ပြောပါတယ်။

လေယာဉ် ရှာဖွေရေးအတွက် ညှိနှိုင်း လုပ်ကိုင်နေတဲ့ သြစတြေးလျနိုင်ငံ Perth မြို့က စစ်အခြေစိုက် စခန်းကို ရောက်ရှိတုန်း မလေးရှား ဝန်ကြီးချုပ်က အခုလို ပြောခဲ့တာပါ။

ဒါပေမယ့် သူနဲ့ အတူ လိုက်သွားတဲ့ သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott ကတော့ ပျောက်ဆုံး လေယာဉ် MH-370 ပေါ်မှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ စုံစမ်း နေသူတွေ သိနိုင်ဖို့ မသေချာဘူး၊ ရှာဖွေမှုတွေကို ထာဝရ ဆက်လုပ်နေဖို့ကလည်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

အခုချိန်ထိ လေယာဉ်နဲ့ ပတ်သက်တဲ့ အပျက်အစီး အစအန ရှာလို့ မတွေ့သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ