နေတိုးအဖွဲ့ လှုပ်ရှားမှုကို ရုရှားက မေးခွန်းထုတ်

  • 3 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption နေတိုးအတွက် အမေရိကန်က F-15 တိုက်လေယာဉ် ၁၀ စီး ပို့ထား

အရှေ့ ဥရောပမှာ နေတိုး အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ တိုးမြှင့်လာတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို ပေးဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ်က တောင်းဆိုလိုက်ပါတယ်။

သူတို့ သဘောတူညီ ထားခဲ့တာတွေ အပေါ် အလေးအနက် အခြေခံပြီး နေတိုးဘက်က အဖြေပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ လက်ဗ်ရော့ဗ်က ပြောပါတယ်။

နေတိုး အဖွဲ့ဟာ ယူကရိန်း အရှေ့ပိုင်း နယ်စပ်မှာ ရုရှား တပ်ဖွဲ့ လှုပ်ရှားမှုတွေရဲ့ အရေးကြီးမှုကို ချဲ့ကား ပြောတယ်လို့လည်း သူက စွပ်စွဲ ပါတယ်။

နေတိုး အဖွဲ့ ထိပ်တန်း တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Philip Breedlove ကတော့ နေတိုး အဖွဲ့ရဲ့ ကာကွယ်ရေး အင်အားကို ပိုမို ဖြည့်တင်းပေးထားကြောင်း၊ ရုရှား ဘက်က ရှေ့ဆက်တိုးရင် ၁၂ နာရီ အတွင်း နေတိုး ဘက်က တိုက်ခိုက်နိုင်ကြောင်း ပြောပါတယ်။

ရုရှား တပ်ဖွဲ့တွေ ဆုတ်ခွာသွားတယ် ဆိုတဲ့ သတင်း တွေကိုတော့ သူ့အနေနဲ့ အတည်မပြုနိုင်ဘူးလို့ ဗိုလ်ချုပ်ကြီး Philip Breedlove က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ