အာဖဂန် မဲဆန္ဒရှင်တွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့ မဲရုံကို သွား

  • 4 ဧပြီ 2014
ဓာတ်ပုံ မူပိုင်
Image caption အာဖဂန် က မဲပေးပုံ ရှင်းပြနေတဲ့ မြင်ကွင်း

အာဖဂန် နစ္စတန်မှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ ကြားက သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့ မဲရုံကို သွားနေကြပါပြီ။

ခုရွေးကောက်ပွဲဟာ တိုင်းပြည်မှာ ပထမဆုံး ဒီမိုကရေစီ နည်းလမ်းကျကျ အာဏာ လွှဲပြောင်းမှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

လက်ရှိ သမ္မတ ဟာမစ်ခါဇိုင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ သက်တမ်း နှစ်ကြိမ် တာဝန် ထမ်းဆောင် ပြီးသွားတဲ့ အတွက် ထပ်မံ အရွေးခံခွင့် မရှိတော့ပါဘူး။

သူ့နေရာကို ဆက်ခံဖို့ အတွက် ကိုယ်စားလှယ်လောင်း ရှစ်ယောက် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

စစ်တပ်က ရာထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေး တာဝန်ယူထားကြပြီး ဒါဟာ တာလီဘန်တွေ ကျဆုံးပြီး ၁၃နှစ် အတွင်း အကြီးမားဆုံး စစ်ဆင်ရေး တခု ဖြစ်ပါတယ်။

မနေ့က သောကြာနေ့တုန်းကတော့ မဲပြားဝေတဲ့ ကားတန်းမှာ လိုက်ပါသွားသူ ဂျာမန် သတင်းထောက် ရဲတယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး သူမ မိတ်ဆွေ ကနေဒါ သတင်းထောက် အမျိုးသမီးလည်း ဒဏ်ရာ ရသွားခဲ့ပါတယ်။