အချက်ပေး သင်္ကေတ အသံလှိုင်း တရုတ်သင်္ဘောတစင်းက ဖမ်းယူရရှိ

  • 6 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ်ပျောက် ရှာပုံတော်ပြ မြေပုံ

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျောက်နေတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရေးမှာ ပါဝင်တဲ့ တရုတ် သင်္ဘောတစင်းက အချက်ပေး သင်္ကေတ အသံလှိုင်းတခု ဖမ်းယူရရှိတယ်လို့ ဆိုပါတယ်။

အသံလှိုင်း တုန်ခါနှုန်းက တသမတ်တည်း ရှိနေပြီး ပျောက်နေတဲ့ လေယာဉ်ရဲ့ Black Box က ထုတ်လွှင့်တဲ့ တုန်ခါလှိုင်းနဲ့ ဆင်တူတယ်လို့ သြစတြေးလျ ညှိနှိုင်းဆောင်ရွက်ရေးမှူးတွေက ပြောတယ်လို့ တရုတ် နိုင်ငံပိုင် သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခု ဖမ်းယူရရှိချက်တွေဟာ လွန်ခဲ့တဲ့ တလနီးပါးက ပျောက်နေတဲ့ လေယာဉ် MH 370 နဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် အခု signal ဖမ်းယူ ရရှိတဲ့ နေရာနဲ့ ကီလိုမီတာ ၉၀ အကွာ ရေထဲမှာလည်း အဖြူရောင် ပစ္စည်း အပိုင်းအစ တော်တော်များများတွေ့ရတယ်လို့ သတင်း ရရှိပါတယ်။