အိန္ဒိယမှာ ပါလီမန် ရွေးကောက် စတော့မယ်

  • 7 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လူကြိုက်များနေတဲ့ Narendra Modi

ကမ္ဘာပေါ်က ဒီမိုကရေစီ အင်အား အကြီးဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ မကြာခင် နာရီပိုင်းအတွင်း ပါလီမန် အမတ်တွေ ရွေးကောက် တင်မြှောက်ဖို့ မဲစပေးကြတော့မှာပါ။

အာဏာရ ကွန်ကရက် ပါတီဟာ လူကြိုက်များတဲ့ Narendra Modi ခေါင်းဆောင်တဲ့ လက်ယာယိမ်း ဟိန္ဒူ ဘီဂျေပီ ရဲ့ စိန်ခေါ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

နိုင်ငံအနောက်ပိုင်း ဂူဂျာရက် ပြည်နယ်က ခေါင်းဆောင် နရင်ဒရာ မိုဒီဟာ လူကြိုက်များတယ် ဆိုပေမယ့် သူနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ် ကိစ္စလေးတွေ ရှိပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ တိုင်းပြည်အတွင်း အဂတိ လိုက်စားမှု ၊ ငွေဖောင်းပြမှု ပြဿနာတွေက လွှမ်းမိုးနေခဲ့ပါတယ်။

ကနဦး စစ်တမ်း ကောက်ယူမှုတွေမှာတော့ ဘီဂျေပီ ပါတီက ရှေ့က ပြေးနေပေမယ့် ပြတ်ပြတ်သားသား အနိုင်ရချေ သိတ်မရှိဘူးလို့ ဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံသား သန်းရှစ်ရာကျော်ဟာ ရွေးကောက်ပွဲမှာ မဲပေးကြမှာ ဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ တလကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။