အဖြစ်နိုင်ဆုံး Black Box အချက်ပြမှု ဖမ်းမိ

  • 7 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အချက်ပြမှု ၂ ကြိမ် ဖမ်းယူရရှိခဲ့တဲ့ Ocean Shield သင်္ဘော

လေယာဉ်ရဲ့ Black Box က ထုတ်လွှတ်တဲ့ အချက်ပြမှု အမျိုးအစားနဲ့ ကိုက်ညီတဲ့ ထုတ်လွှတ်မှုတွေကို သြစတြေးလျ သင်္ဘောတစ်စင်းက ဖမ်းယူ ရရှိခဲ့တယ်လို့ မလေးရှား လေယာဉ်ပျောက်ကို ရှာဖွေနေတဲ့ သြစတြေးလျ အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သြစတြေးလျ ရှာဖွေရေး တာဝန်ရှိသူ Angus Houston က ပြောရာမှာ ဒီလို ဖမ်းယူ ရရှိတာဟာ အခုအချိန်ထိ အဖြစ်နိုင်ဆုံး လမ်းစ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ အချက်ပြမှုကို သြစတြေးလျ ကမ်းရိုးတန်းနဲ့ မိုင် တစ်ထောင်လောက် အကွာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ Ocean Shield သင်္ဘောက ဖမ်းယူနိုင်ခဲ့တာလို့ သူက ပြောပါတယ်။

ဒါပေမယ့် ဒီ အချက်ပြမှုဟာ သေချာပေါက် မလေးရှား လေယာဉ်ပျောက်ရဲ့ Black Box ဆီက လာတာ ဟုတ် မဟုတ် အတည်ပြုဖို့တော့ ရက်အနည်းငယ် ကြာနိုင်တယ်လို့ သူက ဆိုပါတယ်။

Perth မြို့က ဘီဘီစီ သတင်းထောက်ကတော့ ဒီကိစ္စဟာ လေယာဉ်ပျောက် ရှာဖွေသူတွေ မျှော်လင့်နေတဲ့ သတင်းထူး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Flight recorder ရဲ့ ဘက်ထရီ ကုန်ခန်းတော့မှာ ဖြစ်လို့ လေယာဉ်ပျောက် ရှာဖွေသူတွေ အနေနဲ့ အချိန်မီ ရှာတွေ့နိုင်ဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ