အရှေ့ပိုင်း မြို့တွေဆီ ယူကရိန်း တပ်ဖွဲ့တွေ လွှတ်

  • 7 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လုံခြုံရေးနဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေတဲ့ ရုရှား လိုလားသူတွေ

ရုရှား လိုလားသူတွေက ယူကရိန်း အရှေ့ပိုင်း မြို့တွေဖြစ်တဲ့ Luhansk ၊ Kharkiv နဲ့ Donetsk မြို့တွေမှာ အစိုးရ အဆောက်အဦး တွေကို သိမ်းပိုက်လိုက်အပြီး ယူကရိန်း အစိုးရဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အဲဒီ့ မြို့တွေဆီ စေလွှတ်ခဲ့ပါတယ်။

လုဟန့်စ်ခ် မြို့က ဆန္ဒပြသမားတွေဟာ အစိုးရ လုံခြုံရေး ဌာနချူပ် ရုံးစိုက်ရာကနေ လက်နက်တွေ ရယူသွားခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ အခုဆို ယူကရိန်း ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့ရဲ့ အဝင် အထွက် အားလုံးကို ပိတ်ဆို့ထားလိုက်ပါတယ်။

ကီးယက်ဗ် မြို့တော်မှာ ရှိနေတဲ့ ယူကရိန်း ယာယီ ဝန်ကြီးချူပ် မစ္စတာ ယက်ဆင်ညု ကတော့ ဒီလို အုံကြွမှုတွေ ဖြစ်ပေါ်အောင် ရုရှက နောက်ကွယ်ကနေ သွေးထိုးပေးနေတယ် လို့ စွပ်စွဲလိုက်ပါတယ်။

ယူကရိန်း နယ်မြေထဲ ရုရှား စစ်တပ်တွေ စေလွှတ်နိုင်ဖို့ အခြေအနေ ဖြစ်ပေါ်လာအောင် ရုရှက စီမံ ဖန်တီးနေတာ လို့လည်း ဆိုခဲ့ပြီး မော်စကို အစိုးရဟာ ယူကရိန်း နိုင်ငံ ပြိုကွဲအောင် ကြိုးစားနေတယ်လို့ မစ္စတာ ယက်ဆင်ညုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

နောက်ထပ် အဖြစ်အပျက်တစ်ခု အနေနဲ့ ခရိုင်းမီးယားမှာ ရုရှား စစ်သားတစ်ဦးက သေနတ်နဲ့ ပစ်လိုက်လို့ ယူကရိန်း ရေတပ် အရာရှိ တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ