ဥရောပ မြောက်ပိုင်းမှာ ပျားသေဆုံးမှု တိုးလာနေ

  • 8 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မက္ကဆီက ပျားအုံတခုကို တွေ့ရပုံ

ဥရောပ သမဂ္ဂ က စီစဉ်ပြီး ကောက်ခံခဲ့တဲ့ စစ်တမ်းတွေ အရ မြေထဲ ပင်လယ် ဒေသက နိုင်ငံတွေမှာထက် ဥရောပ မြောက်ပိုင်းမှာ ပျားတွေ သေဆုံးမှု တိုးလာနေတယ် ဆိုတာကို လေ့လာ တွေ့ရှိခဲ့ပါတယ်။

ဘယ်လဂျီယမ်မှာ အဆိုးဆုံး ဖြစ်ပြီး ဆောင်းတွင်းကာလ တခုတည်းမှာ ပျားအုံ သုံးပုံတပုံလောက် ပျက်စီး ကုန်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဆွီဒင်နဲ့ ဗြိတိန်မှာလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

ယှဉ်ကြည့်ရင် စပိန် ၊ ဂရိစ်နဲ့ အီတလီ အပါအဝင် ဥရောပ တောင်ပိုင်း နိုင်ငံတွေမှာ ပျားအုံဆယ်ခုမှာ တခုလောက်သာ ပျက်စီးခဲ့ပြီး ဒီနှုန်းကတော့ လက်ခံနိုင်စရာပါဘဲလို့ ဆိုပါတယ်။

ဆောင်းတွင်း လေ့လာမှု စစ်တမ်းမှာ အဆိုးရွားဆုံး ထိခိုက်ပျက်စီးမှုကို တွေ့တယ်လို့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။