BBC navigation

ကင်ညာနိုင်ငံမှာ လူ ၄ ထောင်ကျော်ကို ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 8 ဧပြီလ 2014 - 13:37 GMT

ဖမ်းဆီးခံရသူ ဆိုမာလီ အချို့

ကင်ညာ နိုင်ငံမှာ လုံခြုံရေးအရ ဆောင်ရွက်တဲ့ အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူပေါင်း ၄ ထောင် ကျော်သွားပြီလို့ ကင်ညာ အာဏာပိုင် တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကင်ညာ မြို့တော် နိုင်ရိုဘီက ဆိုမာလီတွေ ကြီးစိုးတဲ့ မြို့နယ်တစ်ခုမှာ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး အခုလို ဖမ်းဆီးမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ ဆိုမာလီ နိုင်ငံသားတွေ ဖြစ်ကြပြီး နိုင်ရိုဘီ မြို့တော်က အားကစားရုံ တစ်ခု အတွင်းမှာ ၃ ရက်ကြာ ထိန်းသိမ်းခံထားကြရပါတယ်။

ဖမ်းဆီးခံရသူတွေကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ အပြင် သူတို့ရဲ့ ဆွေမျိုးတွေပါ တွေ့ခွင့် မရကြဘူးလို့ ဆိုပါတယ်။

အထောက်အထား မပြနိုင်တဲ့ ဆိုမာလီတွေကို သူတို့နိုင်ငံကို ပြန်ပို့ဖို့ ရုံးတင် စစ်ဆေးမှာ ဖြစ်တယ်လို့ ကင်ညာ ပြည်ထဲရေးဝန်ကြီး Joseph Ole Lenku က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။