သားဆက်ခြား ဥပဒေ ဖိလစ်ပိုင် အတည်ပြု

ဓာတ်ပုံ မူပိုင် AFP
Image caption ဖိလစ်ပိုင်က သားဆက်ခြားရေး ပညာပေးပွဲ တစ်ခု

သားဆက်ခြား ဥပဒေ တစ်ရပ်ကို ဖိလစ်ပိုင် တရားရုံးချုပ်က ကက်သလစ် ဘုရားကျောင်းတော်ရဲ့ ဆန္ဒကို လွန်ဆန်ပြီး ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေအရ အစိုးရဟာ ကျန်းမာရေး ဌာနတွေမှာ သားဆက်ခြား အထောက်အကူ ပစ္စည်းတွေနဲ့ ဆေးဝါးတွေ အခမဲ့ ဖြန့်ဝေ ပေးရတော့မှာ ဖြစ်ပါတယ်။

ဒီဥပဒေကို ၂၀၁၂ နှစ်ကုန်ပိုင်း ကတည်းက ပြဋ္ဌာန်းခဲ့တာ ဖြစ်ပေမယ့် ကတ်သလစ် ကျောင်းတော်က ကန့်ကွက်တဲ့အတွက် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေရတာပါ။

ကက်သလစ် ဘာသာဝင် ၈၀ ရာခိုင်နှုန်း ရှိတဲ့ ဖိလစ်ပိုင်မှာ အစိုးရ အကြီးအကဲ သမ္မတ အကွီနိုအနေနဲ့ ဒီဥပဒေ ဒီအဆင့်ထိ ရောက်လာဖို့အတွက် ဘုရားကျောင်းက ဖိအားပေးတာကို လပေါင်းများစွာ ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ