ယူကရိန်း အရှေ့ပိုင်းမှာ တင်းမာမှု အမေရိကန် စိုးရိမ်

  • 8 ဧပြီ 2014
ဓာတ်ပုံ မူပိုင် RIA Novosti
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗ်ရော့ဗ်

ယူကရိန်း အရှေ့ပိုင်းမှာ တင်းမာမှု တိုးလာတဲ့ အတွက် အကြီးအကျယ် စိုးရိမ်မိတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။

အဲဒီ ဒေသမှာ ရုရှားလိုလားတဲ့ ဆန္ဒပြသမားတွေက အစိုးရ အဆောက်အဦ တွေကို ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာရော့ဘ်ကို ဖုန်းပေါ်ကတဆင့် ပြောကြားရာမှာ အခုလို မတည်မငြိမ် ဖြစ်အောင် ရုရှားရဲ့ လုပ်ဆောင်မှုတွေ အတွက် ပြန်လည် ပေးဆပ် ရလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက်ဟာ လာမယ့် ဆယ်ရက်အတွင်း တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဆန္ဒပြသမားတွေက အစိုးရ အဆောက်အဦတွေကို ဝင်ရောက်စီးနင်းကာ ရုရှား အလံ လွှင့်ထူမှု ဖြစ်ခဲ့ပြီးတဲ့နောက် ယူကရိန်း အစိုးရက နိုင်ငံ အရှေ့ပိုင်းက ဒွန်းညှက် ၊ လူဟန့်စ် နဲ့ ဟာကိဗ်မြို့တွေကို လုံခြုံရေး အရာရှိတွေ စေလွှတ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ