ကား အစင်း ၆ သန်းခွဲ ပြန်အပ်ဖို့ တိုယိုတာ ကြေညာ

  • 9 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်သိမ်းဖို့ ကြေညာခဲ့တဲ့ အထဲမှာ ဒီအကြိမ် အများဆုံးဖြစ်

တိုယိုတာ ကုမ္ပဏီက ကား အစင်းရေ ၆ သန်းခွဲ နီးပါးကို လုံခြုံရေး စိတ်မချရလို့ ကားတွေ ပြန်အပ်ပေးဖို့ ကြေညာလိုက်ပါတယ်။

အဲဒီလို ပြန်ပြန်သိမ်းရတဲ့ ကားတွေထဲ အခုအကြိမ်က အရေအတွက် အများဆုံး ဖြစ်ပါတယ်။

ပြန်အပ်ရမယ့် ကားတွေက Yuris, Urban Cruiser, RAV4 နဲ့ Hilux Model ကားတွေ ဖြစ်ပြီး ကားတိုက်မိရင် လေအိတ်မပွင့်တာ အပါအဝင် စတီယာရင် မကောင်းတာ၊ ထိုင်ခုံ မကောင်းတာ စတဲ့ ချိုယွင်းချက် တွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို ဖြစ်ခဲ့တဲ့ ချို့ယွင်းချက်တွေကြောင့် ထိခိုက် ဒဏ်ရာရခဲ့တဲ့ သူတွေ၊ သေဆုံးခဲ့ရတဲ့သူတွေတော့ မရှိဘူးလို့ တိုယိုတာ ကုမ္ပဏီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ