ခရစ်ယာန်နဲ့ မွတ်ဆလင်တွေ တိုက်ခိုက်မှုကြောင့် လူသုံးဆယ် သေဆုံး

  • 10 ဧပြီ 2014
ထိခိုက် ဒဏ်ရာ ရသူတွေကို မြင်တွေ့ရပုံ

ဗဟိုအာဖရိက သမ္မတ နိုင်ငံမှာ လက်နက်ကိုင် အုပ်စုကွဲတွေကြား တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူသုံးဆယ် သေဆုံးပြီး ဆယ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။

နိုင်ငံအလယ်ပိုင်း Dekoa မြို့မှာ အရပ်သား အများစုဟာ တိုက်ခိုက်မှု အတွင်း ပစ်ခတ်ကြတဲ့ ကျည်ဆန်တွေထိမှန်သေဆုံးခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။

အဂါနေ့တုန်းက မွတ်ဆလင် အများစု ပါဝင်တဲ့ ဆယ်လီခါ သူပုန်တွေ ထိန်းချုပ်ရာ ဒက်ခါ မြို့ကို ဘာလာခါ ဆန့်ကျင်တဲ့ ခရစ်ယာန်တွေ လွှမ်းမိုးရာ စစ်သွေးကြွ က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဒေသကနေ ချက်ဒ် တပ်ဖွဲ့တွေ ဆုတ်ခွာသွားတာဟာ ဆယ်လခါ သူပုန်တွေကို အားပေးအားမြှောက် လုပ်သလို ဖြစ်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားနေသူ တယောက်က ပြောပါတယ်။

အခုတော့ မြို့တော် ဘန်ဂီက လမ်းတွေပေါ်မှာ ပြင်သစ် တပ်ဖွဲ့တွေက စပြီး ကင်းလှည့်နေပါပြီ ဖြစ်ပါတယ်။