တုပ်ကွေး ကာကွယ်ဆေး အကျိုးရှိ မရှိ မသေချာ

  • 10 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption tamiflu ဆေးကုမ္ပဏီကတော့ တွေ့ရှိချက်တွေကို ငြင်းဆို

ဗြိတိန် အစိုးရဟာ အကျိုးရှိ မရှိ မသေချာတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို သိုလှောင် ထားတာဟာ ဒေါ်လာငွေ သန်းထောင်နဲ့ ချီပြီး အလဟသ ဖြစ်စေတယ်လို့ ဗြိတန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကြက်ငှက် တုပ်ကွေး ရောဂါ ပျံ့နှံ့မှု ဖြစ်မှာကို စိုးရိမ်ပြီး Tamiflu ဆေးဝါးတွေကို ဗြိတိန် အစိုးရက သိုလှောင် ထားတာ ဖြစ်ပါတယ်။

Tamiflu ဆေးဟာ တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရသူ အရေအတွက်ကို လျှော့ချနိုင်ခြင်း မရှိတဲ့အပြင် တုပ်ကွေးကြောင့် နောက်ဆက်တွဲ ရောဂါဖြစ်လာမှုတွေကိုလည်း လျှော့ချနိုင်တဲ့ အထောက်အထား ကောင်းကောင်း မတွေ့ရဘူးလို့ ဗြိတိန် ဆေးသိပ္ပံ ဂျာနယ်နှစ်စောင်က သုတေသီတွေက ပြောကြပါတယ်။

ကောင်းကျိုး အနည်းအပါး ရှိတယ် ဆိုရင်တောင် ဆေးရှိန်ကြောင့် ပျို့အန်ချင်တာမျိုး ဖြစ်နိုင်တယ် လို့လည်း သူတို့က ပြောပါတယ်။

Tamiflu ဆေး ထုတ်လုပ်တဲ့ Roche ဆေးကုမ္ပဏီ ကတော့ အခု တွေ့ရှိချက်တွေကို အခြေခံအားဖြင့် သဘောမတူဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ