အိန္ဒိယ ရွေးကောက်ပွဲ တတိယနေ့ အခြေအနေ

  • 10 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သြရိသ ပြည်နယ်က ဌာနေ တိုင်းရင်းသူအချို့ မဲပေးစဉ်။

အိန္ဒိယ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ အတွက် တတိမြောက်နေ့ အဖြစ် ဆန္ဒမဲ ပေးနေကြရာမှာ တချို့ နေရာတွေမှာ ၅၀ ရာခိုင်နှုန်းကျော် မဲလာပေးခဲ့ကြပါတယ်။

ဒီကနေ့တော့ လူဦးရေ ထူထပ်တဲ့ နိုင်ငံ မြောက်ပိုင်းက အူတာ ပရာဒက်ရှ် ပြည်နယ် အပါအဝင် ၁၁ ပြည်နယ်မှာ လူပေါင်း သန်း တစ်ရာကျော် မဲပေးနိုင်ကြတာ ဖြစ်ပါတယ်။ အဲဒီ ပြည်နယ်ကနေ လွှတ်တော်အတွက် ပါလီမန် အမတ် အများဆုံး ရွေးကောက် နိုင်မှာ ဖြစ်ပါတယ်။

ဒေလီ မြို့တော်မှာတော့ ပါတီသစ် ဖြစ်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပါတီဟာ ပါတီကြီးတွေ ဖြစ်ကြတဲ့ လက်ရှိ အာဏာရ ကွန်ဂရက်စ် ပါတီနဲ့ ဟိန္ဒူ အမျိုးသား ပါတီ BJP တို့ကို အကြီးအကျယ် စိန်ခေါ်နေပါတယ်။

အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသ အတွင်းက Jammu မဲဆန္ဒနယ်မှာ မဲလာပေးသူ များပြားတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ