ဂေါ်ဗာချော့ဗ်ကို ရုံးတင်ဖို့ ရုရှားအမတ်တွေ စာပို့

  • 10 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption တရားစွဲဖို့ ကိစ္စ အခြေအမြစ်မရှိဘူးလို့ ဂေါ်ဗာချော့ဗ် ဆို

ဆိုဗီယက် ယူနီယံကို ပြိုကွဲအောင် လုပ်ခဲ့မှုနဲ့ ပတ်သက်ပြီး သမ္မတဟောင်း မီခေးလ် ဂေါ်ဗာချော့ဗ်ကို ရုံးတင် စစ်ဆေးဖို့ ပါလီမန် အမတ် ၅ ယောက်က ရုရှား ရှေ့နေချုပ်ကို စာပေးပို့ခဲ့ပါတယ်။

မစ္စတာ ဂေါ်ဗာချော့ဗ်ဟာ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲရေး လူထုဆန္ဒ ခံယူမှုကို ဆန့်ကျင်ပြီး ကွန်မြူနစ် ပြည်ထောင်စုကို အစိတ်စိတ် အမြွာမြွာ ပြိုကွဲစေခဲ့တယ်လို့ ပါလီမန် အမတ်တွေက ပြောပါတယ်။

မစ္စတာ ဂေါ်ဗာချော့ဗ် ကတော့ သူ့ကို တရားစွဲဆိုဖို့ လုပ်ဆောင်မှုဟာ လုံးဝ အခြေအမြစ် မရှိဘူးလို့ ပြောဆိုပြီး ပယ်ချပါတယ်။

အမတ်တွေ ထဲက နှစ်ယောက်ဟာ လက်ရှိ သမ္မတ ဘလာဒီမီယာ ပူတင်ရဲ့ ပါတီက ဖြစ်ပါတယ်။

ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့တဲ့ အတွက် ယူကရိန်း အပါအဝင် အရင်က ရုရှား အုပ်ချုပ်မှု လက်အောက်ခံ နိုင်ငံပေါင်း ၁၄ နိုင်ငံ လွတ်လပ်ရေး ရခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ