ကုလငြိမ်းတပ်ဖွဲ့၀င်တွေ ထပ်ချဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်

  • 11 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဗဟိုအာဖရိက သမ္မတ နိုင်ငံက လုံခြုံရေး တပ်ဖွဲ့၀င်တွေ

ခရစ်ယာန်နဲ့ မွတ်ဆလင် လက်နက်ကိုင် အဖွဲ့တွေကြား အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့ ဗဟိုအာဖရိက သမ္မတ နိုင်ငံကို ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် နောက်ထပ် အယောက် ခြောက်ထောင် စေလွှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဖွဲ့ဝင် နိုင်ငံတွေ ဆီက အတည်ပြုချက် ရယူရေးနဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ နေရာချထားရေး ကိစ္စဟာ လေးလလောက် အချိန်ယူရတယ်လို့ ဘီဘီစီကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့မှာ ဆိုင်ရာအကြီးအကဲသစ်က Edmund Mulet က ပြောပါတယ်။

အခု နောက်ထပ် ချထားမယ့် ငြိမ်းချမ်းရေး တပ်ဖွဲ့တွေဟာ အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင် ခြောက်ထောင် ၊ ပြင်သစ် တပ်သား နှစ်ထောင် တို့နဲ့ အတူ ဗဟိုအာဖရိက သမ္မတ နိုင်ငံမှာ လုံခြုံရေး တာဝန်ယူကြရမှာ ဖြစ်ပါတယ်။

တိုင်းပြည်မှာ အခြေခံ အဆောက်အဦတွေ မပြည့်စုံမှုကြောင့် တပ်ဖွဲ့ဝင်သစ်တွေဟာ ရွေ့ပြောင်းနေရဖို့ ရှိနေပြီး ဒီနေ့ သောကြာနေ့မှာ ဗဟိုအာဖရိက သမ္မတ နိုင်ငံ ဘွန်ဂီမြို့ကို အဖွဲ့တဖွဲ့စေလွှတ်ပြီး လုံခြုံရေး တာဝန် လွဲပြောင်းရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ မစ္စတာ မူလက်က ဆိုပါတယ်။