ခရိုင်းမီးယား ခွဲထွက်ရေးပတ်သက်သူ အမေရိကန် အရေးယူ

  • 11 ဧပြီ 2014
criemia ဓာတ်ပုံ မူပိုင် Reuters
Image caption ခွဲထွက်သွားတဲ့ ခရိုင်းမီးယား

ယူကရိန်းကနေ ခရိုင်းမီးယားခွဲထွက်တဲ့အရေး ကို အဓိကနေရာကနေ ပါဝင်ပတ်သက်ခဲ့တဲ့ လူ၆ယောက် ကို အမေရိကန် ဘဏ္ဍာရေး ဌာန က ပစ်ဒဏ်ခတ်အရေးယူ ဖို့ သတ်မှတ် လိုက်ပါတယ်။

အရင် ယူကရိန်း အရာရှိတယောက် ကိုလည်း ပစ်ဒဏ်ခတ်အရေးယူမယ့် စာရင်း ထဲကို ထည့်လိုက်ပါတယ်။

ခရိုင်းမီးယားမှာ အခြေစိုက်တဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ တခုကိုလည်း နိုင်ငံရဲ့ သယံဇာတတွေ ကို တလွဲအသုံးချတဲ့အတွက် လို့အကြောင်းပြပြီး အမေရိကန် က ပစ်ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

အခုယူကရိန်းအကြပ်အတည်းအရေး နဲ့ပတ်သက်ပြီး အမေရိကန်၊ရုရှ၊ ယူကရိန်း နဲ့ ဥရောပသမဂ္ဂ က ကိုယ်စားလှယ် တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ က လာမယ့် ကြာသပတေး နေ့မှာ ကျင်းပဖို့ ရှိပါတယ်။