ယူကရိန်းအရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ဝင်စီးနင်း

  • 12 ဧပြီ 2014
ရဲစခန်းကို လက်နက်ကိုင်တစုဝင်စီးနင်း ဓာတ်ပုံ မူပိုင် n
Image caption ရဲစခန်းကို လက်နက်ကိုင်တစုဝင်စီးနင်း

အခုရဲစခန်း စီးနင်းတဲ့ လက်နက်ကိုင်တွေကို အကြမ်းဖက်သမားလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov ကပြောလိုက်ပါတယ်။ အခု Sloviansk မြို့မှာသာမကဘဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ ရုရှားကိုလိုလားတဲ့ ဆန္ဒပြသူတွေက အစိုးရ အဆောက်အအုံတွေကို စီးနင်းထားကြပါတယ်။

Sloviansk ကနေမိုင်၈၀လောက် ကွာတဲ့ ဒွန်ညက်စ်မြို့မှာလည်း ဆန္ဒပြသူတွေက အစိုးရအုပ်ချုပ်ရေး ဌာနတွေကို သိမ်းပိုက်ပြီး ရုရှားရဲ့အစိပ်အပိုင်း အဖြစ်ခွင့်ပြုဖို့ လူထုဆန္ဒခံယူပွဲ လုပ်ပေးရေး တောင်းဆိုနေကြပါတယ်။

ဒီလိုလှုပ်ရှားမှုတွေကနေ အခုနှစ်စောစောပိုင်းကခရိုင်းမီးယား ဒေသဟာ ရုရှားအောက် ပြန်ရောက်သွားခဲ့ပါတယ်။ အခုလို သိမ်းပိုက်လိုက်တဲ့အဖြစ်နဲ့ ပတ်သက်တယ်လို့ယူဆရတဲ့ ရုရှားနဲ့ ကရိုင်မီးယားက လူတွေကို အမေရိကန်နဲ့ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူခဲ့ပါတယ်။

အခုယူကရိန်း အရှေ့ပိုင်းဒေသမှာဖြစ်နေတဲ့ ဆန္ဒပြမှုတွေမှာ ရုရှားကပါဝင်ပတ်သက်မှု မရှိဘူးလို့ငြင်းနေပေမဲ့ နယ်စပ်တလျှောက် ရုရှားတပ်တွေ အင်အားတိုးချဲ့နေတာကို စိုးရိမ်ကြောင်း အနောက်နိုင်ငံတွေက ထုတ်ပြောနေကြပါတယ်။

အခုဖြစ်နေတဲ့ အခြေအနေ တင်းမာမှုတွေကို ကိုင်တွယ်တဲ့အနေနဲ့ ယာယီဝန်ကြီးချုပ် ကိုယ်တိုင် ဒွန်ညက်စ်ကိုသွားပြီး ရုရှားစကား ပြောကြားတာကို လုံးဝပိတ်ပင်မှာမဟုတ်ဘူးလို့ အာမခံခဲ့ပါတယ်။ ကိယက်မှာရှိတဲစိုးရက သိမ်းပိုက်ထားတာတွေ အဆုံးသတ်ဖို့ မနေ့ကသောကြာနေ့ကို နောက်ဆုံး သတ်မှတ်ထားပေမယ့် အခုအခါ နိုင်အရှေ့ပိုင်းက အခြားမြို့ကြီးတွေကို ပြန့်နေပါတယ်။

ဆန္ဒပြသူတွေ အများစုဟာ ယူကရိန်းက လွတ်လပ်ရေးယူပြီး ရုရှားနိုင်ငံနဲ့ပေါင်းဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ