ယူကရိန်း အရှေ့ပိုင်း မြို့ တွေ အရေး

  • 13 ဧပြီ 2014
ukraine ဓာတ်ပုံ မူပိုင် n
Image caption ယူကရိန်း အရှေ့ပိုင်း ရုရှလိုလားသူတွေ ထကြွ

ရုရှလိုလားတဲ့လက်နက်ကိုင်တွေ က ယူကရိန်းအရှေ့ပိုင်းက မြို့တွေ ဖြစ်တဲ့ စလိုဗီယန် နက်စ ၊ ကရာမာတော့စ်၊ ဒရူဇကိုဗာ စတဲ့မြို့တွေ က ရဲစခန်းတွေ အစိုးရ အဆောက်အအုံ တွေ ကို ၀င်စီးသိမ်းထားပြီး အစိုးရတပ်တွေ နဲ့ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။

စလိုဗီယန် နက်စ မြို့ဆိုရင် အဲဒီလက်နက်ကိုင်တပ် တွေ နဲ့ အစိုးရတပ်တွေ ရဲ့ တိုက်ပွဲမှာ အစိုးရဖက်က အရာရှိတ တယောက် သေဆုံးခဲ့ပြီး ၅ယောက်ထက်မနည်း ဒဏ်ရာရတယ်။ ၂ ဘက်စလုံးမှာ ထိခိုက်သေကျေတာတွေ ရှိတယ်လို့ ယူကရိန်း ကြားဖြတ် အစိုးရ ဝန်ကြီးချုပ် အာဆန်အက်ဗာ ကော့ဗ် က ပြောပါတယ်။

အဲဒီမြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် က ရုရှလိုလားတဲ့ လက်နက်ကိုင်တွေ ဟာ စနစ်တကျ ဖွဲ့စည်း လှုပ်ရှားနိုင်တဲ့ လက်နက်ကိုင်တွေ ဖြစ်ပြီး တော့ တမြို့လုံးကို ခဏအတွင်းမှာ ပဲ ထိန်းချုပ်လိုက်နိုင်တယ် လို့ ပြောပါတယ်။

မစ္စတာ အက်ဗာကော့ ကတော့ ဒါတွေဟာ ရုရှရဲ့ ခြိမ်းချောက်တာ ကို ပြသတဲ့ ပြယုဂ် လို့ ပြောသလို တိုက်ပွဲကြားထိခိုက်တာ မဖြစ်အောင် စလိုဗီယန် နက်စ မြို့က ပြည်သူတွေ အနေနဲ့ အိမ်ထဲမှာပဲ နေကြဖို့ ပန်ကြားထားပါတယ်။

အခုလောလောဆယ်မှာတော့မျက်မြင်သက်သေတွ အပြောအရ မြို့ဟာ ငြိမ်သက်နေတယ် လို့ သိရပါတယ်။ အတည်ပြုလို့မရသေးပေမယ့် နောက်ထပ်မြို့၂မြို့ဖြစ်တဲ့ မာရီယူပို နဲ့ ရန်နာကိဗို မြို့တွေက အစိုးရအဆောက်အအုံတွေ ကိုလည်း လက်နက်ကိုင် တွေ ကသိမ်းထားပြီလို့ လည်း သိရပါတယ်။

ဒေသရဲ့မြို့တော်ဖြစ်တဲ့ ဒွန်းနက်စ မြို့က တော့ ရုရှလိုလားတဲ့ လှုပ်ရှားတက်ကြွသူတွေ က သိမ်းထားတာ တပတ်လောက်ရှိပြီး အဓိကကျတဲ့ အစိုးရအဆောက်အအုံတွေ ကို ထိန်းချုပ်နိုင်အောင် ဆက်လက်လုပ်ဆောင်နေကြဆဲပါ။

ရုရှအရှေ့ပိုင်းမြို့တွေ မှာ ရုရှစကားပြော တဲ့သူတွေ ကအများဆုံးနေထိုင်ကြပြီး ဖေဖော်ဝါရီလတွင်းမှာ ရုရှလိုလားတဲ့ ဝန်ကြီးချုပ် ဗစ်တာ ယာနုကိုဗစ် ဆန္ဒပြပွဲတွေ နဲ့ ဖြုတ်ချ ခဲ့ရပြီးကတည်း က သူတို့ဟာ ရုရှကိုလိုလားတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်လာ ခဲ့ပါတယ်။

အခုအရေးမှာ ရုရှ နောက်ကပါဝင်နေတယ်လို့ ကိယက်ကတင် စွပ်စွဲတာ မဟုတ်ပါဘူး။ အနောက်နိုင်ငံ အသိုင်းအဝိုင်း ကလည်း စွပ်စွဲထားပါတယ်။

ဒါပေမယ့် ကရင်မလင် ကတော့ ဒါကို ငြင်းထားပါတယ်။ ရုရှ နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗရော့ဗ က ကိယက်ကအစိုးရ ဟာ နိုင်ငံတခုရဲ့ကံကြမ္မာ ကို တာဝန်ယူနိုင်တဲ့ အရည်အသွေးမရှိဘူးဆိုတာ ပြနေတာပဲလို့ ဆိုပါတယ်။

ရုရှ အမေရိကန်၊ ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေ ပါ၀င်မယ့် ယူကရိန်းအရေး ဆွေးနွေးပွဲက လာမယ့် ကြာသပတေးနေ့ရှိမယ် ဆိုပေမယ့် လာမယ့်ရက်ပိုင်း တွေအတွင်း ရုရှလိုလားသူတွေ ရဲ့ မြို့သိမ်း တာတွေ နဲ့ အစိုးရရဲ့ တုန့်ပြန်လုပ်ဆောင်ချက် တွေ က ငြိမ်သက်သွားမယ့် ပုံမတွေ့ရပါဘူး။