လေယာဉ် ရှာဖွေဖို့ လူမဲ့ ရေငုပ်သင်္ဘော အသုံးပြု

ဓာတ်ပုံ မူပိုင် AP
Image caption အဓိက ရှာဖွေမယ့် နေရာ

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ကို ပထမဆုံး အကြိမ် လူမဲ့ ရေငုပ်သင်္ဘော အသေးစားကို သုံးပြီး ရှာဖွေဖို့ စီစဉ်နေကြပါတယ်။

အဲဒီ ရေငုပ် သင်္ဘောဟာ ပျောက်ဆုံး လေယာဉ်ရဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကနေ ထုတ်လွှတ်တဲ့ အချက်ပြ အသံလှိုင်း လာရာ နေရာလို့ ယူဆရတဲ့ သြစတြေးလျ ကမ်းခြေ အနီးက အိန္ဒိယ သမုဒ္ဒရာ ရေအောက် ကြမ်းပြင်ကို လျှပ်တိုက် သွားမှာ ဖြစ်ပါတယ်။

လေယဉ် ရှာဖွေရေး ဆိုင်ရာ သြစတြေးလျ တာဝန်ခံ အရာရှိ တစ်ယောက် ကတော့ အခုချိန်လောက် ဆိုရင် Black Box မှာ ပါတဲ့ ဘက်ထရီအား ကုန်လောက်ပြီလို့ ထင်ရကြောင်း ပြောပါတယ်။

ရှာဖွေရေး လုပ်နေတဲ့ လက်ရှိ နေရာအတွင်းမှာ ဆီတွေကို တွေ့ရတယ်လို့ ဆိုပေမယ့် ဒါဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 က ဟုတ် မဟုတ် စမ်းသပ်နိုင်ဖို့ ရက်အတန် ကြာလိမ့်ဦးမယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ