ယူကရိန်းအရေး ကုလသမဂ္ဂ အရေးပေါ် စည်းဝေး

  • 14 ဧပြီ 2014
ရုရှားလိုလားသူတွေက ရဲစခန်းကိုစီးနင်းသိမ်းပိုက် ဓာတ်ပုံ မူပိုင် bbc
Image caption ရုရှား လိုလားသူတွေက ရဲစခန်းကို စီးနင်းသိမ်းပိုက်

ယူကရိန်း နိုင်ငံအရှေ့ပိုင်း ဒေသက လူတွေကို ယူကရိန်း အစိုးရက စစ်ပွဲ ဆင်နွှဲနေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ရုရှား သံအမတ်က စွပ်စွဲပြောဆို လိုက်ပါတယ်။

တဖက်ကလည်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံမတ်ကြီးကတော့ အရှေ့ယူကရိန်း ဒေသက စီးနင်းတိုက်ခိုက်မှုတွေဟာ ရုရှားပါဝင်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

ယူကရိန်းယာယီသမ္မတက နိုင်ငံအရှေ့ပိုင်း အစိုးရရုံးတွေစီးနင်းထားတာ မရုတ်သိမ်းရင် အင်အားသုံးနှိမ်နင်းမယ်လို့ တနင်္ဂနွေနေ့က ရာဇသံပေးခဲ့ပါတယ်။

တကယ်တော့ ယူကရိန်း ပြဿနာဟာ အခုသီတင်းပတ်ကုန်အတွင်း အရှိန်တဆင့် ထပ်တက်သွားတယ်လို့ ဆိုနိုင်ပါတယ်။ အကဲခတ် သူတွေကတော့ ဒါဟာ ကြိုတင်ကြံစည်မှုမရှိဘဲ ရုတ်ခြည်း ဖြစ်တဲ့သဘော မတွေ့ရဘူး လို့ပြောပါတယ်။

ခရိုင်းမီးယား ဆူပူမှုတွေတုန်းကလို ဘယ်သူတွေက လုပ်တယ်ဆိုတာ ရှင်းရှင်း လင်းလင်း မပြောနိုင်မီ အောက်ခြေမှာ အချက်အလက်တွေ ဖန်တီးဖို့ ရုရှားတို့ဖက်က ကြံနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်နေပါတယ်။

တဖက်ကလည်းဘဲ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့တွေက အရေးယူလိုက်ရင် အခြေအနေ ပိုဆိုးဖို့ ခြိမ်းခြောက်သလိုဖြစ်တယ်ဆိုပြီး ဘီဘီစီ သံတမန် ရေးရာသတင်းထောက် ဂျွန်နသန် မားကပ်က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ