၂၀၁၄ အတွက် ပူလစ်ဇာ ဆုတွေ ထုတ်ပြန်

  • 15 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဝါရှင်တန်ပို့စ် သတင်းသမား Barton Gellman

ဒီနှစ်အတွက် ပူလစ်ဇာ ဆုတွေကို မနေ့က ကြေညာရာမှာ အက်ဒွက် စနိုဒင်က ဖွင့်ချတဲ့ အမေရိကန် ထောက်လှမ်းရေး NSA အဖွဲ့ရဲ့ လျှို့ဝှက် ထောက်လှမ်းမှုတွေ အကြောင်း သတင်းတွေနဲ့ ဂါးဒီးယန်းနဲ့ ဝါရှင်တန်ပို့စ် သတင်းစာတွေက အဓိက ပူလစ်ဇာဆုကို ပူးတွဲ ရရှိသွားပါတယ်။

နိုင်ငံတကာ သတင်း ကဏ္ဍအတွက် ပူလစ်ဇာ ဆုကိုတော့ ထိုင်းနိုင်ငံက လူကုန်ကူး သမားတွေရဲ့ သားကောင် ဖြစ်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အကြောင်း သတင်း တစ်ပုဒ်နဲ့ ရိုက်တာ သတင်းဌာနက Jason Szep နဲ့ Andrew Marshall တို့က ပူးတွဲ ရရှိသွားပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ထိုင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက လူကုန်ကူးသူတွေ လက်ထဲ ရောင်းစားနေတဲ့ အကြောင်းတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၅ ရက်က သူတို့က သတင်းပေးပို့ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ