နယ်စပ်ကျော် သံချပ်ကာ ယာဉ်တွေ ဂျော်ဒန် တိုက်ခိုက် ဖျက်ဆီး

  • 16 ဧပြီ 2014
Image caption နယ်စပ် ဖြတ်ကျော် လက်နက်မှောင်ခိုမှု တိုးမြင့်လာတယ်လို့ ဂျော်ဒန် ပြော

ဆီးရီးယား နိုင်ငံကနေ ဂျော်ဒန် နိုင်ငံထဲ ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ သံချပ်ကာကား အတော်များများကို ဂျော်ဒန် လေတပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက် ဖျက်ဆီးလိုက်တယ်လို့ ဂျော်ဒန် စစ်တပ်က ပြောပါတယ်။

နောက်ထပ် အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။

ဆီးရီးယား အစိုးရကတော့ ဂျော်ဒန် အစိုးရဟာ ဆီးရီးယား သူပုန်တွေကို အကူအညီ ပေးနေတယ်လို့ အမြဲ စွပ်စွဲ ပြောဆိုနေတာ ဖြစ်ပြီး ဂျော်ဒန် အစိုးရကတော့ ဒါဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဆီးရီးယား ပဋိပက္ခကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဆီးရီးယား ဒုက္ခသည် ၅ သောင်းကျော်လောက် ဂျော်ဒန်နိုင်ငံမှာ ခိုလှုံနေပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း နယ်စပ် ဖြတ်ကျော်ပြီး လက်နက် မှောင်ခို ရောင်းဝယ်မှုဟာ ရာခိုင်နှုန်း ၃၀၀ လောက်အထိ တိုးမြင့်လာတယ်လို့ ဂျော်ဒန် အစိုးရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ