နိုင်ဂျီးရီးယား ကျောင်းသူ ၁၀၀ ပြန်ပေးဆွဲခံရ

  • 16 ဧပြီ 2014
Image caption ဘိုကိုဟာရမ် အုပ်စု လှုပ်ရှားနေတဲ့ ဘော်နိုပြည်နယ်မှာ လိုက်လံ ရှာဖွေနေ

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း လူသူအရောက် နည်းတဲ့ ဒေသတစ်ခုက စာသင်ကျောင်း တစ်ကျောင်းကနေ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ကျောင်းသူ တစ်ရာလောက်ကို နိုင်ဂျီးရီးယား စစ်တပ်နဲ့ လေတပ်က လိုက်လံ ရှာဖွေနေပါတယ်။

ဘိုကိုဟာရမ် အစ္စလာမစ် လက်နက်ကိုင် အုပ်စု အကြီးအကျယ် လှုပ်ရှားနေတဲ့ ဒေသမှာ အခုလို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကင်မရွန်း နိုင်ငံနဲ့ ကပ်ရပ် နယ်စပ် ဘော်နို ပြည်နယ်က သစ်တော ထူထပ်တဲ့ ဒေသတစ်ခုဆီ ခေါ်သွားပုံ ရတယ်လို့ စိုးရိမ်နေကြပါတယ်။

ကျောင်းသူတွေကို တင်ဆောင်သွားတဲ့ ထရပ်ကားကိုလည်း တစ်နေရာမှာ စွန့်ပစ်ထားတာ တွေ့ရပါတယ်။

အဲဒီဒေသကို ဘိုကို ဟာရမ် အုပ်စုက ကောင်းကောင်း ကျွမ်းပြီး အရင်က တောအုပ်တွေထဲမှာ ပုန်းအောင်း စခန်းချနေတဲ့ ဘိုကို ဟာရမ် အုပ်စုကို တိုက်ထုတ်ဖို့ စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေ အကန့်အသတ်နဲ့သာ အောင်မြင်မှု ရခဲ့တယ်လို့ နိုင်ဂျီးရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ