ယူကရိန်း အရှေ့ပိုင်း နေတိုး တပ်ဖွဲ့ တိုးချမယ်

  • 16 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လေကြောင်း ထောက်လှမ်းမှု လုပ်နေတဲ့ နေတိုးရဲ့ အေဝက်စ် လေယာဉ်တစ်စီး

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသ တလျှောက်မှာ နေတိုး တပ်ဖွဲ့ဝင်တွေ တိုးမြှင့် ချထားမယ်လို့ နေတိုး အဖွဲ့က ပြောပါတယ်။

နေတိုး အဖွဲ့ အနေနဲ့ ဥရောပ အရှေ့ပိုင်းမှာ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင် တပ်ဖွဲ့တွေ ပိုချထားမယ်လို့ နေတိုး အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ပြောပါတယ်။

ဒါပေမယ့် ဘယ်လောက် အရေအတွက် ချထားမလဲ ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီလို နေတိုး တပ်ဖွဲ့တွေ တိုးချဖို့ လုပ်တာဟာ ယူကရိန်းမှာ ရုရှားရဲ့ ရန်လိုတဲ့ အပြုအမူတွေ ရှိလာချိန်မျိုးမှာ အခြေအနေတွေ တင်းမာ မလာအောင် ကြိုတင် တားဆီးတဲ့ အနေနဲ့ လုပ်တာလို့ ဆိုပါတယ်။

နေတိုး မဟာမိတ် ၂၈ နိုင်ငံဟာ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ဆွေးနွေး ပြောဆိုမှုတွေ အများစုကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပြီး ပိုလန်နဲ့ ရိုမေးနီးယား နိုင်ငံတွေပေါ်မှာ လေကြောင်း ထောက်လှမ်းမှုတွေ လုပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ