ယူကရိန်း လွတ်လပ်ရေး ရုရှား ဖျက်ဆီးနေဟု ဆို

  • 16 ဧပြီ 2014
Image caption ယူကရိန်း သံချပ်ကာ ကားတွေကို ရုရှား လိုလားသူတွေ ထိန်းချုပ်ထား

ယူကရိန်း နိုင်ငံထဲကို ရုရှားအစိုးရက အကြမ်းဖက် ဝါဒတွေ သွတ်သွင်းနေပြီး နိုင်ငံရဲ့ လွတ်လပ်ရေးကို ဖျက်ဆီးဖို့ ဆန္ဒ ရှိနေတယ်လို့ ယူကရိန်း ယာယီ ဝန်ကြီးချုပ် အာဆဲနီ ယက်ဆင်ညုက ပြောကြားလိုက်ပါတယ်။

ယူကရိန်း အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတစ်စုက လက်နက်ကိုင်တွေ နိုင်ငံအရှေ့ပိုင်း ဒိုနက်စ်ခ်မြို့က နောက်ထပ် အစိုးရ အဆောက်အအုံ တစ်ခုကို ထပ်သိမ်းလိုက်ချိန်မှာပဲ မစ္စတာ ယက်ဆင်ညုက အခုလို ပြောကြားလိုက်တာပါ။

တခြား မြို့ကြီး မြို့ငယ် အတော်များများက အစိုးရ အဆောက်အအုံ တွေနဲ့အတူ ဒိုနက်စ်ခ်မြို့ က အစိုးရ အုပ်ချုပ်ရေး အဆောက်အအုံကြီးကို ရုရှား လိုလားတဲ့ ခွဲထွက်ရေး သမားတွေက ဝင်ရောက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ယူကရိန်း တပ်ဖွဲ့တွေဟာလည်း ကရာမက်တော့စ်ခ် မြို့က လေတပ်စခန်း တစ်ခုကို ပြန်လည် သိမ်းပိုက်လိုက်အပြီး ရှေ့တိုး စစ်ဆင်မှုတွေ လုပ်လာနေပါတယ်။

ဒါပေမယ့်လည်း အခုအခါ ရုရှား လိုလားတဲ့ သေနတ်သမားတွေက ယူကရိန်း သံချပ်ကာကား အတော်များများကို ထိန်းချုပ်ထားပါတယ်။

အခြေအနေတွေကို အတိအကျ သိနိုင်ဖို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီး အဲဒီနေရာကို သွားရောက်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ