ကိုရီးယားသင်္ဘောက ပျောက်နေသူတွေကို ညလုံးပေါက်ရှာ

  • 17 ဧပြီ 2014
ဓာတ်ပုံ မူပိုင် REUTERS
Image caption မီးကျည်တွေနဲ့ ညလုံပေါက်ရှာ

တောင်ကိုရီးယား ကမ်းခြေက ၁၂ မိုင်အကွာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ခရီးသည်တင် သင်္ဘောက ပျောက်ဆုံးနေဆဲဖြစ်တဲ့ ခရီးသည် ၃၀၀ နီးပါးကို တစ်ညလုံး ရှာဖွေနေခဲ့ကြပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး သမားတွေဟာ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောကို အားကောင်းတဲ့ မီးမောင်းတွေ မီးကျည်တွေနဲ့ ပျောက်ဆုံးနေသူတွေကို ရေငုပ် ရှာဖွေ နေခဲ့ကြတာပါ။

စောစောပိုင်းကတော့ ၁၇၉ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ခရီးသည် အများစု က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး နိုင်ငံအနောက်မြောက်ဖက် အင်ချွန်ဆိပ်ကမ်း က နေ တောင်ဘက် က အပန်းဖြေ စခန်း ဂျေဂျူ ကျွန်း ကိုအသွား လမ်းမှာ နစ်မြုပ်သွားခဲ့တာပါ။

ပျောက်ဆုံးနေသူအများအပြားဟာ မီတာ ၃၀ လောက်နက်တဲ့ ရေထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘောထဲမှာဘဲ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သင်္ဘောပျက် တဝိုက်ကို အလေးထားပြီးရှာဖွေနေကြပါတယ်။

ပိတ်မိနေသူတွေအနေနဲ့ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းမရှိသလောက်နည်းတယ်လို့ အဆင့်မြင့် ကယ်ဆယ်ရေးအရာရှိ တဦးက ပြောပါတယ်။

စောစောပိုင်းကတော့ လှိုင်းထန်တာကြောင့် ရေငုပ်သမားတွေ မြုပ်နေတဲ့သင်္ဘောထဲကို မဝင်နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဘာကြောင့်သင်္ဘော ဒီလို မြှတ်ခဲ့ရတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး ။ သင်္ဘောဟာ ခါတိုင်းသွားနေကျ လမ်းကြောင်းပေါ်ကနေ မောင်းနှင်နေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က လှိုင်းလေငြိမ်ကာ မြင်နိုင်စွမ်းကလည်း ပုံမှန်ရှိနေခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

တောင်ကိုရီးယား ဝန်ကြီးချူပ် Chung Hong-won က တစက္ကန့်လေးမှ နှောင့်နှေးလို့မရဘူး၊ အသက်တွေ ပိုကယ်နိုင်သမျှ ကယ်ဖို့ အစွမ်းကုန် ကြိုးစားကြပါ ဆိုပြီး၊ ရှာဖွေရေးလုပ်နေတဲ့ သူတွေကို တိုက်တွန်းခဲ့ပါတယ်။