မလေးရှား လေယာဉ် ရှာဖွေရေး နီးစပ်လာပြီ

  • 19 ဧပြီ 2014
malaysia plane ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ်ပျောက် ရှာဖွေရေး ဆုတောင်းပေးကြ

မလေးရှား လေယာဉ်ပျောက် ရှာဖွေရေး အရေးကြီးတဲ့ အဆင့် ကို ရောက်နေပြီ လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး H. Hussein က ပြောဆို လိုက်ပါတယ်။

မကြာခင် ရက်ပိုင်း အတွင်း တခုခု အမြန်ပြန်တွေ့ရဖို့ အတွက် နာနာ ဆုတောင်း ပေးကြပါလို့ မလေးရှား ဝန်ကြီးက ကမ္ဘာကို ပန်ကြား ခဲ့ပါတယ်။

လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ က ထွက်ပေါ်လာတယ်လို့ ယုံကြည် ရတဲ့ အချက်ပြ ဆက်သွယ်မှု ကို ခြေရာခံမိဖို့ လူမပါတဲ့ ရေငုပ်သင်္ဘောနဲ့ ပင်လယ် ကြမ်းပြင်မှာ ၆ မိုင် ပတ်လည် အတွင်း ပိုက်စိတ်တိုက် ရှာဖွေ နေတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် ပျောက်ကို တပတ် အတွင်း တွေ့အောင် ရှာနိုင်မယ် လို့ မျှော်လင့်ကြောင်း ဩစတြေးလျ အာဏာပိုင် တွေက ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ