တောင်ကိုရီးယား သင်္ဘောရှာဖွေရေး ကြန့်ကြာ

  • 19 ဧပြီ 2014
korea ဓာတ်ပုံ မူပိုင် AP
Image caption ညချိန်ထိ မီးမောင်းထိုး ရှာနေ

ဗုဒ္ဓဟူး နေ့က နစ်မြုပ် သွားတဲ့ တောင်ကိုရီးယား ကူးတို့ သင်္ဘော Sewol ရှာဖွေရေး လုပ်ငန်း တွေ ၂ လ လောက် အချိန်ယူ ရနိုင်တယ်လို့ အာဏာပိုင် တွေက ပြောဆိုပါတယ်။

ပျောက်ဆုံး နေဆဲ ခရီးသွား တွေကို ရေငုပ်သမား တွေက သက်စွန့် ဆံဖျား ကြိုးစား ရှာဖွေ နေကြဆဲ ဖြစ်ပြီး ခုချိန်ထိ လူ ၂၅ဝ ကျော် ပျောက်နေဆဲ ဖြစ်ပါတယ်။

သင်္ဘောပျက် ရှာဖွေရေး အတွက် ကရိန်းကြီး ၃ စင်း အရံသင့် ရှိပေမယ့်လည်း သင်္ဘောထဲမှာ အသက်ရှင် ကျန်သူ တယောက် မှ မရှိတော့ တာ သေချာမှ ဒီကရိန်း တွေနဲ့ ဆယ်ယူမယ် လို့ တောင် ကိုရီးယား အာဏာပိုင် တွေက ပြောဆို ပါတယ်။

ရာသီဥတု အခြေအနေ ကောင်းလာပေမယ့် လည်း ရေစီးသန်ပြီး ရေအောက် မကြည်လင်မှု တွေကြောင့် ရှာဖွေရေး တွေ နှောင့်နှေး နေရပါတယ်။

စနေနေ့ကတော့ ရုပ်အလောင်း ၃ လောင်းပဲ ပြန်ဆယ်လို့ ရခဲ့ပါတယ်။

ဒီလို ရှာဖွေရေး နှောင့်နှေးမှု တွေကြောင့် တိုးမြှင့် လုပ်ဆောင်ဖို့ ခရီးသွား တွေရဲ့ ဆွေမျိုး မိဘ တွေက အာဏာပိုင် တွေကို အမျက်ဒေါသနဲ့ တောင်းဆို ခဲ့ကြပါတယ်။

သင်္ဘော ပေါ်က ရှာဖွေလို့ ရတဲ့ ရုပ်အလောင်း တွေကို ခွဲခြား သိနိုင်ဖို့ ဒီအင်အေ မျိုးဗီဇ နမူနာတွေ လည်း ဆွေမျိုး တွေက စုဆောင်း ပေးနေ ကြပါတယ်။

သင်္ဘော မာလိန်မှူးနဲ့ အငယ်တန်း အရာရှိ ၂ ယောက်ကိုလည်း ဖမ်းဆီးထား လိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ