ယူကရိန်းအရေး သဘောတူမှု ပျက်မယ့် အန္တရာယ်

_ukraine_geneva_meeting ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်းအရေး ဂျနီဗာ ဆွေးနွေးပွဲ

ယူကရိန်း အကြပ်အတည်း ပြေလျော့စေဖို့အတွက်၊ ကြာသပတေးနေ့က ဂျနီဗာ တွေ့ဆုံပွဲကနေ၊ နိုင်ငံတကာ သဘောတူမှု ရထားခဲ့ပေမယ့်၊ နောက်တစ်နေ့မှာပဲ၊ သဘောတူညီမှု ပျက်စီးသွားနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနေပါတယ်။

ယူကရိန်း အရှေ့ပိုင်း အစိုးရ အဆောက်အဦတွေကို သိမ်းပိုက်ထားတဲ့၊ ရုရှား လိုလား သူတွ ေဟာ၊ အဆောက်အဦတွေ ကနေ ထွက်ခွာပေးဖို့ ငြင်းဆို လိုက်ကြ ပြီး၊ လက်ရှိ ယူကရိန်း အစိုးရက အရင် နှုတ်ထွက် ပေးရမယ် လို့ တောင်းဆို လိုက်ပါ တယ်။

လက်ရှိ ယူကရိန်း ယာယီ အစိုးရ အနေနဲ့၊ ယူကရိန်း နိုင်ငံအတွင်း စည်းလုံးမှု ရှိကြဖို့ နှိုးဆော်ထားပြီး၊ ဗဟိုအစိုးရရဲ့ အာဏာ လျော့ချပေးမယ်လို့ ကတိပြုထားတဲ့ အပြင်၊ ရုရှား ဘာသာစကားကို အထူးအဆင့်အတန်း သတ်မှတ် ပေးမယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။

ရုရှားဘာသာစကားကို တရားဝင် ရုံးသုံးစကားအဖြစ် အသိအမှတ် ပြုနိုင်တဲ့ အခွင့်အာဏာ၊ သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်တွေကို ပေးမယ်ဆိုပြီး ယူကရိန်း ယာယီသမ္မတ အိုလက်ဇန္ဒြာ တူချီနော့ဗ်က ပြောခဲ့ပါတယ်။

ယူကရိန်း နိုင်ငံသားတွေအကြား စည်းလုံးမှု ရစေဖို့နဲ့၊ ငြိမ်းချမ်းရေးကို မျှော်ကိုးတဲ့ အနေနဲ့၊ နိုင်ငံတော် ယူကရိန်း ဘာသာစကား အပြင်၊ ဒေသခံ အများစု ပြောဆို သုံးစွဲတဲ့ ဘာသာစကား အလိုက်၊ ရုရှားဘာသာစကား ဖြစ်စေ၊ အခြားဘာသာ စကား တစ်မျိုးမျိုးကို ဖြစ်စေ၊ တရားဝင် ရုံးသုံးစာ အနေနဲ့ ပြဋ္ဌာန်းပေးနိုင် တဲ့ အခွင့် အာဏာကို ခရိုင်နဲ့ မြို့တော် ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေ ထံ ပေးအပ်မယ် ဆိုပြီး၊ မစ္စတာ တူချီနော့ဗ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ