ဘော့စတန် မာရသွန် ပြိုင်ပွဲ စတင်

ဓာတ်ပုံ မူပိုင် Getty
Image caption အခုနှစ် ဘော့စတန် မာရသွန်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သူ ၂၅ရာခိုင်နှုန်း ပိုများလာ

ဘော့စတန်မြို့ မာရသွန်ပြေးပွဲကို အခုလေးတင် စတင်လိုက်ပြီ ဖြစ်ပြီး မကြုံစဖူး လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။

ဒီနှစ်ပွဲမှာ အပြေးသမား ၃သောင်း ၆ထောင်လောက် ပါဝင် ဆင်နွှဲကြမှာ ဖြစ်ပြီး အရင်နှစ်တွေကထက် ၂၅ ရာခိုင်နှုန်း ပိုများတာ တွေ့ရပါတယ်။

မနှစ်တုန်းက ဘော့စတန်မြို့ မာရသွန်ပွဲမှာ ဗုံးခွဲခံခဲ့ရတဲ့အတွက် လူ၃ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

အခု မာရသွန် ပြေးပွဲမှာတော့ အရပ်ဝတ် ရဲအရာရှိတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ ကို နေရာအနှံ့အပြား ချထားပါတယ်။

စစ်ဆေးရေး ဂိတ်တွေကို ဖြတ်သွားတဲ့ ပွဲကြည့် ပရိသတ်တွေကို ပလတ်စတစ် အကြည်အိတ်တွေပဲ သယ်ခွင့် ပြုမှာ ဖြစ်ပါတယ်။

မနှစ်က ဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေကို အောင်းမေ့တဲ့ အနေနဲ့ အပြေးသမားတွေ တာအစမှာ အခိုက်အတန့် တိတ်ဆိတ်စွာ ရပ်နေကြဖို့ စီစဉ်ထားပါတယ်။