ဆီရီးယား ရွေးကောက်ပွဲ ကြေညာချက် ဝေဖန်ခံရ

  • 22 ဧပြီ 2014
syria_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား ပါလီမန်

ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဆက်လက် ဖြစ်နေဆဲမှာပဲ၊ သမ္မတ ရွေးကောက်ပွဲကို လာမယ့် ဂျွန်လမှာ ကျင်းပမယ်လို့ ဆီးရီးယား အစိုးရက ကြေညာလိုက်တဲ့ အတွက်၊ အမေရိကန် ပြည်ထောင်စု အပါအဝင်၊ အနောက်အုပ်စု နိုင်ငံတွေက ဝေဖန် ရှုံ့ချ လိုက်ကြပါတယ်။

ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီ အတုအယောင် ရုပ်ပြမျှသာ ဖြစ်တယ်လို့၊ အမေရိကန် နိုင်ငံခြားရေးရုံးက ဝေဖန်လိုက်သလို၊ ဗြိတိသျှ နိုင်ငံခြားရေးဌာနကလည်း၊ ဆီးရီးယား သမ္မတ Bashar al-Assad အာဏာ ဆက်လက်ဆုပ်ကိုင် နိုင်ဖို့၊ ရည်ရွယ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ပြောကြားပါတယ်။

ဒီလို အခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပတာဟာ၊ ဆီးရီးယား ပြည်တွင်းစစ်ကို နိုင်ငံရေးအရ အဖြေရှာဖို့ ကြိုးစားနေမှုတွေကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး Ban Ki-Moon ကလည်း သတိပေး လိုက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် အကြောင်း ဆီးရီးယားက ကြေညာခဲ့ အပြီး၊ နာရီအနည်းငယ် အကြာမှာပဲ၊ ဒီလအစောပိုင်းက ဆီးရီးယားသူပုန်တွေ ထိမ်းချူပ်ထားရာ ကျေးရွာတစ်ခုမှာ၊ ဓာတုအဆိပ် ပစ္စည်းသုံး တိုက်ခိုက်ခံခဲ့ရမှုဟာ၊ ဆီးရီးယား အစိုးရလက်ချ ဟုတ် မဟုတ် စုံစမ်းနေတယ် ဆိုပြီး၊ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ