အမေရိကန် ရုရှား အပြန်အလှန် အပြစ်တင်

  • 22 ဧပြီ 2014
sergei_lavrov_ ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှ နိုင်ငံခြားရေး ဝန်ကြီး sergei lavrov

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး၊ အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး တို့ဟာ၊ တယ်လီဖုန်းကနေ စကားပြောဆို ခဲ့ကြာတာမှာ၊ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် ပြစ်တင် စွပ်ဆွဲမှုတွေ ပြုလုပ် ခဲ့ပါတယ်။

ရုရှားလိုလားသူ လက်နက်ကိုင်တွေဟာ သူတို့ သိမ်းပိုက်ထားတဲ့ ယူကရိန်း အစိုးရ အဆောက်အဦတွေကနေ ထွက်ခွာပေးဖို့၊ ရုရှားကနေ ကြားဝင် ဆောင်ရွက်ရ မှာ ပျက်ကွက်ခဲ့တယ် လို့၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က၊ ပြောခဲ့ပါ တယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ကလည်း၊ ယူကရိန်း နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့၊ အကြမ်းဖက်မှုတွေရဲ့ လက်သည်၊ ယူကရိန်း အမျိုးသားရေး အစွန်းရောက် အုပ်စုတွေကို ထိန်းချူပ်ဖို့၊ အမေရိကန်က ကျောထောက် နောက်ခံ ပြုထားတဲ့ ယူကရိန်း အစိုးရက ဆောင်ရွက်သင့်တယ် ဆိုပြီး ပြောဆိုခဲ့ ပါတယ်။

အစောပိုင်းကလည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Lavrov က၊ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်၊ ယူကရိန်း အရှေ့တောင်ဘက်ပိုင်း မှာ ရှိကြတဲ့ ရုရှလူမျိုးစုတွေ ဟာ ၊ သူတို့ကို အကာအကွယ် ပြုပေးဖို့ ရုရှား အစိုးရ အပေါ် တောင်းဆိုနေမှု တွေ၊ ပိုမို များပြား လာနေတယ် လို့၊ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ