သင်္ဘောမှောက်မှုအတွက် အဖမ်းခံရသူ ၁၁ ဦး ရှိပြီ

  • 23 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သင်္ဘော ဝမ်းခေါင်းမှာ ပိတ်မိနေတဲ့ အလောင်းတွေကို ရှာဖွေနေတဲ့ ရေငုပ်သမားအချို့

တောင်ကိုရီးယား အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့အပတ်က သင်္ဘောမှောက်မှုနဲ့ ပတ်သက်ပြီး နောက်ထပ် သင်္ဘောသား ၄ ယောက်ကို ဖမ်းဆီးလိုက်တဲ့အတွက် အခု စုစုပေါင်း အဖမ်းခံရသူ ၁၁ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ရုတ်တရက် ခပ်ကြမ်းကြမ်း ကွေ့လိုက်လို့ သင်္ဘောမှောက်သွားချိန်မှာ အမှုထမ်း အားလုံးဟာ ကုန်းပတ်ပေါ် ရောက်နေကြ တယ်လို့ အမှုလိုက် အရာရှိတွေက ပြောပါတယ်။

ကူးတို့သင်္ဘော ပိုင်ရှင်တွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီရုံးတွေကိုလည်း ရဲက စီးနင်း ရှာဖွေနေပါတယ်။

မြုပ်နေတဲ့ ကူးတို့သင်္ဘောရဲ့ ဝမ်းခေါင်းထဲမှာ ပိတ်မိနေတဲ့ အလောင်းတွေကို ရှာဖွေရေးတွေလည်း ဆက်လုပ်နေပါတယ်။

အခုအခါ လူပေါင်း ၁၅၀ကျော် သေဆုံးကြောင်း အတည်ပြုနိုင်ပြီး တစ်ရာကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အများစုက ဆိုးလ် မြို့တော် အနီးက အထက်တန်း ကျောင်းသားတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ