အကျိုးစီးပွား ခြိမ်းခြောက်ရင် ရုရှားက တုံ့ပြန်မယ်

  • 23 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒွန်းညှက်မြို့က အစိုးရရုံးရှေ့မှာ စောင့်ကြပ်နေတဲ့ ရုရှား လိုလားသူ အချို့။

ရုရှား လူမျိုးတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ရင် ပြန်လည် တုန့်ပြန်သွားမယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ပြောလိုက်ပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင် ယူကရိန်းကို ရောက်နေစဉ် ရုရှား လိုလားသူတွေအပေါ် ယူကရိန်းက စစ်ဆင်ရေးတွေ ပြန်စတာ ဖြစ်လို့ ဒီပြဿနာမှာ အမေရိကန်ရဲ့ လက်ချက် ပါဝင်နေတယ်လို့ စွပ်စွဲ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှား လိုလားသူ စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေ ပြန်လုပ်ဖို့ ယူကရိန်း ယာယီ သမ္မတက မနေ့က အမိန့်ပေးလိုက်ပြီး နောက်ပိုင်းမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ရုပ်မြင်သံကြားကနေ တဆင့် အခုလို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရုရှားဘက်က ပြဿနာ ပြေလည်ရေးအတွက် အပြုသဘော ပြောဆိုမှုတွေ မရှိလို့ အလွန် စိုးရိမ်မိတယ်လို့ အမေရိကန်က ပြောပါတယ်။

အရှေ့ ယူကရိန်းမှာ အဆောက်အဦးတွေ သိမ်းပိုက်ထားသူတွေ အနေနဲ့ လက်နက်ချပြီး ထွက်ခွာရေးအတွက် ရုရှားက တိုက်တွန်းဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အစောပိုင်းက တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ