ဧဝရက် တောင်တက်သမားတွေ လှည့်ပြန်နေကြရ

  • 25 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption နှင်းခဲထုတွေ ပြိုကျခဲ့ပြီးနောက် ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ကြ

ဒီနှစ် တောင်တက် ရာသီမှာ နီပေါ နိုင်ငံက ဧဝရက်တောင်ကို တက်ကြမယ့် မြန်မာတွေ အပါအဝင် တခြား တောင်တက်သမားတွေနဲ့ လမ်းပြတွေ အားလုံးဟာ တောင်ခြေ စခန်းတွေ ကနေ လှည့်ပြန် နေကြရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ပေါ်ကနေ နှင်းခဲထုတွေ ပြိုကျခဲ့တဲ့ အတွက် နီပေါ လူမျိုး လမ်းပြ ၁၆ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် တောင်တက် စူးစမ်း လေ့လာရေး ကုမ္ပဏီကြီးတွေက ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ကြတဲ့ အတွက် အခုလို လှည့်ပြန်ကြရတာ ဖြစ်ပါတယ်။

လမ်းပြတွေ ကလည်း လစာတွေ ပိုပေးဖို့၊ နစ်နာကြေးတွေ ပိုပေးဖို့နဲ့ ပိုမို ခံစားခွင့် ရှိတဲ့ အာမခံ ပေးဖို့တို့အတွက် တောင်းဆို နေကြပါတယ်။

အခု တောင်တက် ရာသီကို ဖျက်သိမ်းကြောင်း တရားဝင် မကြေညာသေးပေမယ့် ဒီရာသီမှာ နီပေါ နိုင်ငံကနေ ဧဝရက် တောင်ထိပ်အထိ တက်ဖို့ ကြိုးစားမှုတွေကတော့ ဖြစ်နိုင်မယ့်ပုံ မရှိဘူးလို့ နီပေါ လမ်းပြတွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ