အိုဘားမား မလေးရှားရောက်

  • 26 ဧပြီ 2014
malaysia ဓာတ်ပုံ မူပိုင် Getty
Image caption ခရီးစဉ်မှာ ဆန့်ကျင် ကန့်ကွက်သူတွေလည်းရှိ

နှစ် ၅ဝ အတွင်း ပထမဆုံး အကြိမ် မလေးရှား ကို အမေရိကန် သမ္မတ တယောက် ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

ဒီလို ရောက်လာတဲ့ မစ္စတာ အိုဘားမားက ၂ နိုင်ငံ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုရေး အတွက် မလေးရှား အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် လက်ထက်က မလေးရှားနဲ့ အမေရိကန် ဆက်ဆံရေးဟာ မနီးစပ်ခဲ့ လှပေမယ့်လည်း အာရှ ဒေသတွင်း ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားကို ကျားကန်ဖို့ ဒီလို လာရောက်လည်ပတ် နေတာလည်း ဖြစ်ပါတယ်။

မလေးရှား နိုင်ငံသား တွေကတော့ ဒီခရီးစဉ် ကို စိတ်ဝင်တစား ရှိနေကြပါတယ်။

အိုဘားမားရဲ့ အာရှ ၄ နိုင်ငံ ခရီးမှာ ဂျပန်နဲ့ တောင်ကိုရီးယားကို ရောက်ရှိ ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာ အပါအဝင် အာစီယံ နိုင်ငံတွေက လူငယ် ခေါင်းဆောင်တွေနဲ့လည်း မစ္စတာ အိုဘားမား မနက်ဖန်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ