ယူကရိန်းပိုင်နက်ထဲ ရုရှားလေယာဉ် ဝင်ရောက်

  • 26 ဧပြီ 2014
_angela_merkel ဓာတ်ပုံ မူပိုင် AP
Image caption ဂျာမနီပြည် အဓိပတိ Angela Merkel

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း၊ ယူကရိန်းရဲ့ ဝေဟင် ပိုင်နက်ထဲကို၊ ရုရှ လေယာဉ် အကြိမ်ပေါင်းများစွာ၊ ဝင်ရောက် ခဲ့တာကို၊ သူတို့ ထောက်လှမ်းမိတယ် ဆိုပြီး၊ အမေရိကန် စစ်ဋ္ဌာနချူပ် Pentagon က ပြောလိုက်ပါတယ်။

အစောပိုင်းတုန်းက၊ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး၊ အနောက်အုပ်စုနဲ့ ရုရှားနိုင်ငံတို့ အကြား၊ သံခင်းတမန်ခင်း စကားလုံး စစ်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။

ယူကရိန်း အကြပ်အတည်း ပြေလျော့ရေး အတွက် ရယူထားခဲ့တဲ့၊ နိုင်ငံတကာ သဘောတူညီမှုကို၊ အကောင်အထည် ဖော်ဖို့ ပျက်ကွက်တဲ့ အတွက်၊ ရုရှားနိုင်ငံအပေါ်၊ ပိတ်ဆို့ အရေးယူမှု အသစ်တွေ ပြုလုပ်မယ်ဆိုပြီး၊ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ နိုင်ငံ ခေါင်းဆောင်တွေက ခြိမ်းခြောက် ခဲ့ပါ တယ်။

ဂျာမဏီရဲ့ အဓိပတိ Angela Merkel က၊ ယူကရိန်း အရှေ့ဘက်ပိုင်း နယ်တွေမှာ၊ ဖြစ်ပေါ်နေတဲ့၊ တင်းအားတွေ ပြေလျော့ဖို့အတွက်၊ ရုရှားအနေနဲ့၊ အခုအနေအထားထက် အများကြီး ပိုမို လုပ်နိုင်စွမ်းတယ် ဆိုပြီး ပြေခဲ့ပါတယ်။

ဒီလအစောပိုင်းက လက်မှတ်ရေးထိုးထားတဲ့ ဂျနီဗာ သဘောတူမှုနဲ့ အညီ လုပ်ဆောင်ခဲ့တယ်လို့ ရုရှဘက်က တုန့်ပြန်ပါတယ်။ ရုရှလိုလားသူတွေက အစိုးရ အဆောက်အဦတွေကို သိမ်းပိုက်ထားကြတဲ့၊ ယူကရိန်း အရှေ့ဘက်ပိုင်း နယ်တွေမှာ၊ ဘယ်လိုစစ်ရေး လှုပ်ရှားမှုမျိုးကိုမှ မပြုလုပ်ဖို့၊ လက်ရှိ ယူကရိန်း ယာယီ အစိုးရကို၊ ရုရှား အစိုးရက တောင်းဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ