အိုဘားမားရဲ့ မြန်မာအပေါ် အမြင်

  • 27 ဧပြီ 2014
obama ဓာတ်ပုံ မူပိုင် Thet Swe Win
Image caption အာဆီယံ လူငယ် တွေနဲ့ မလေးယား တက္ကသိုလ် မှာ တွေ့ဆုံ

မလေးရှား ဝန်ကြီးချုပ် နဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အမေရိကန် သမ္မတ အိုဘားမား က မြန်မာနိုင်ငံ က လူနည်းစု မူဆလင် တွေ အကာအကွယ် အပြည့်အဝ မရရှိ ကြောင်းနဲ့ မွတ်ဆလင် တွေကို ဖိနှိပ်ရင် အောင်မြင်မှု ရမှာ မဟုတ်ဘူး လို့ ပြောကြား သွားပါတယ်။

အပြောင်း အလဲတွေလုပ်နေတဲ့ မြန်မာ့ နိုင်ငံရေး အတွက် တော့ သမ္မတ အိုဘားမား ချီးကျူးစကား ပြောကြား သွားခဲ့ပါတယ်။

မစ္စတာ အိုဘားမားဟာ မြန်မာ အပါ အဝင် အာဆီယံ နိုင်ငံတွေက လူငယ် ခေါင်းဆောင် တွေနဲ့ ကွာလာလမ်ပူက မလေးယား တက္ကသိုလ် မှာလည်း ဒီကနေ့ တွေ့ဆုံ ပွဲ ပြုလုပ် ခဲ့ပါတယ်။

ဒီပွဲကို အမေရိကမှာ ဘွဲ့လွန် သင်ကြားခဲ့တဲ့ လူငယ်တွေ အပါအဝင် မြန်မာ ပြည်က အမျိုးသား အမျိုးသမီး ၅ ယောက်စီ တက်ရောက် ခဲ့ကြပြီး ဒေသ ရေးရာ တွေ နှီးနှော ခဲ့ကြ ပါတယ်။

ဒီဆွေးနွေးပွဲ မှာလည်း မစ္စတာ အိုဘားမားက မြန်မာ နိုင်ငံ တိုးတက် ဖွံ့ဖြိုးရေး အတွက် ဘယ် လူနည်းစုကိုမှ ချန်ရစ် ထားခဲ့လို့ မရဘူးလို့ မှတ်ချက်ချ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ