တောင်ကိုရီးယား ဝန်ကြီးချုပ် ထွက်စာတင်

  • 27 ဧပြီ 2014
korea ဓာတ်ပုံ မူပိုင် Reuters
Image caption အိပ်မရဘဲ လန့်လန့် နိုးခဲ့ရတဲ့ ဂျုံဟုန်းဝမ်

သေဆုံးမှုနဲ့ ပျောက်ဆုံးသူ လူပေါင်း ၃၀၀ ကျော် ရှိခဲ့တဲ့ တောင်ကိုရီးယား ခရီးသည် တင် ကူးတို့ သင်္ဘော နစ်မြုပ်ခဲ့မှု အပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံ အားနည်းခဲ့ တာကြောင့် တောင် ကိုးရီးယား ဝန်ကြီးချုပ် ဂျုံဟုန်းဝမ် ရာထူးက နုတ်ထွက်စာ တင်လိုက်ပြီ ဖြစ်ပါတယ်။

သင်္ဘော နစ်မြုပ်မှု မဖြစ်ရအောင် တင်ကြို မတားဆီး နိုင်ခဲ့တဲ့ အပေါ် တောင်းပန် ကြောင်း ဝန်ကြီးချုပ်က ဝမ်းနည်းစွာနဲ့ ပြောကြားပါတယ်။ နောက်ပြီး ဖြစ်ဖြစ်ချင်း အစိုးရရဲ့ တုံ့ပြန်မှု အားနည်းခဲ့ ရတာကိုလည်း သူက တောင်းပန် သွားပါတယ်။

ပျောက်ဆုံး သူတွေရဲ့ မိသားစုတွေ ငိုယိုသံတွေ ကြောင့် သူအိပ်မရဘဲ လန့်လန့် နိုးခဲ့ရတယ် လို့လည်း သူက ပြောပါတယ်။

သင်္ဘော နစ်မြုပ်တဲ့ ကိစ္စရပ်တွေ ရှင်းလင်း ပြီးတာနဲ့ သူ ရာထူးက ဆင်းတော့မှာ ဖြစ်ပါတယ်။

ရေငုပ်သမားတွေ ကတော့ နစ်မြုပ်သွားတဲ့ သင်္ဘော က အလောင်းတွေကို ပြန်ဆယ်နိုင်ရေး အတွက် ရာသီဥတု ဆိုးဝါးတဲ့ ကြားကနေ ကြိုးစား ဆောင်ရွက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ