လူ ၇၀၀ နီးပါး သေဒဏ် အီဂျစ် တရားရုံး ထောက်ခံ

  • 28 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ပြစ်ဒဏ် အတည်ပြုအပြီး ပူဆွေး ဝမ်းနည်းနေသူ ဆွေမျိုးတစ်ဦး

အီဂျစ်နိုင်ငံမှာ တားမြစ် ပိတ်ပင်ထားတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့နဲ့ ခေါင်းဆောင် မိုဟာမက် ဘေဒီကို ထောက်ခံကြသူ လူပေါင်း ၇၀၀ နီးပါးကို သေဒဏ် ချမှတ်ထားမှုအပေါ် တရားရုံးတစ်ခုက ထောက်ခံ အတည်ပြု လိုက်ပါတယ်။

ဒီလူတွေဟာ ပြီးခဲ့တဲ့ နှစ်က မင်ယာ မြို့မှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားရာမှာ ရဲအရာရှိတွေ သေကြေ ဒဏ်ရာ ရရှိခဲ့တဲ့အပေါ် အပြစ်ရှိတယ်ဆိုပြီး စီရင်ချက် ချမှတ် ခံထားရတာ ဖြစ်ပါတယ်။

ဒီအမှုကို ပြန်လည် သုံးသပ်ဖို့အတွက် အာဏာရှိတဲ့ ဘာသာရေး အာဏာပိုင် အဖွဲ့ဆီ လွှဲပြောင်း လိုက်ပြီ ဖြစ်ပြီး နောက်ဆုံး စီရင်ချက်ကိုတော့ ဇွန်လ နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့ ယူဆရပါတယ်။

ဒီ တရားရုံးကပဲ အလားတူ အမှုမျိုး ကျူးလွန်တယ်ဆိုပြီး သေဒဏ်ချမှတ်ထားတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့က လူ ၄၀ နီပါးကိုလည်း ပြီးခဲ့တဲ့လက ထောက်ခံ အတည်ပြုချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တခြား လူပေါင်း ၅၀၀ နီးပါကိုတော့ တစ်သက်တစ်ကျွန်း အဖြစ် ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ